အပိုင်းခြောက်

1.6K 176 21
                                    

( UNICODE )

(အပိုင်းခြောက် )

ဒီရက်တွေထဲ ပန်းချီသင်တန်းတက်ဖြစ်နေတယ်။ပုံဆွဲရတာဝါသနာပါလို့တော့မဟုတ်ဘူး...ဒီအတိုင်း ကိုကို့ပုံတူပန်းချီဆွဲချင်လို့ တက်ဖြစ်နေတာ။အရမ်းလွမ်းလာတဲ့အချိန်တိုင်း ပိုပိုပြီးချစ်လာမိတဲ့အချိန်တိုင်းမှာ ချစ်သဝဏ်လွှာအဖြစ်မှတ်တမ်းတင်ထားချင်လို့ကိုကို့ပုံကို သူဆွဲချင်ပါတယ်။

သင်တန်းက သူနဲ့ကိုကို အတူတူတက်ခဲ့တဲ့တက္ကသိုလ်လမ်းကြားလေးထဲမှာတင်။ကျောင်းပိတ်ထားတာမို့ ကျောင်းသားအရိပ်အယောင်တွေကင်းရှင်းနေတဲ့ ဒီတက္ကသိုလ်လမ်းမထက်မှာ ကိုကိုနဲ့တစ်ကျော့ပြန် လမ်းပြန်လျှောက်ရဦးမည်။

အာ...ဒီလိုလေးတွေးကြည့်လိုက်တာတောင် ကိုကို့ကို လွမ်းသွားရပြီ။

ကိုကိုကို့ လာကြိုပါဟု ပူဆာထားတာမို့ကိုကိုရောက်လာမယ့်အချိန်ကို သူထိုင်စောင့်နေရတယ်။လူရှင်းနေတဲ့တက္ကသိုလ်လမ်းကြားလေးထက်က ကားမှတ်တိုင်လေးထဲ သူထိုင်စောင့်နေရတာကို နည်းနည်းလေးမှပင်ပန်းတယ်လို့မတွေးမိပါဘူး။

ကိုကို့မျက်နှာလေးကိုတစ်ရက်မမြင်ရရင်မနေတတ်ပါဘူးဆို..ဒီညနေ ကိုကိုက
အီဆန်ကို(၃)ရက်ကြီးများတောင် သွားရတော့မှာ။ဖေဖေတို့က အားကိုးရတယ်ဆိုတိုင်း ကိုကို့ကိုဆို အလုပ်တွေအရမ်းခိုင်းဖို့ပဲ တွေးနေကြတာ။

တဖြည်းဖြည်းစူပုတ်လာတဲ့မျက်နှာလေးက သူ့ကိုကို ကိုအလုပ်တွေအရမ်းခိုင်းကြလို့စိတ်ဆိုးနေတာမှန်း ဖေဖေတို့ကိုသိစေချင်တယ်။အိမ်ရောက်ရင် ပြသနာရှာဖို့ ခေါင်းလေးထဲ နည်းမျိုးစုံအကြံထုတ်နေရ၏။

* ဟာ...!ဒီမိုးကတော့ ဖျက်ပြီ *

အချိန်အခါမဟုတ် ထရွာသောမိုးသည် အငြိုးတကြီးနှင့်သည်းသည်းမည်းမည်းကိုရွာလာတာ။မိုးရေစက်တို့၏ တဖောက်ဖောက်မြည်သံကိုနားထောင်နေမိပြီး အကြောင်းအရင်းရေရေရာရာမရှိပါဘဲနှင့် တိမ်ဆိုင်ညိုညိုတွေကို မော့ငေးနေမိတယ်။

တိမ်ဆိုင်ညိုညိုတွေဟာ ကိုကိုနဲ့တူလွန်းတယ်။ခန့်မှန်းရလွယ်မလိုလိုနဲ့ ခက်နေပြန်တယ်လေ။

ကိုကို(completed)Where stories live. Discover now