အပိုင်းရှစ်

1.3K 161 11
                                    

( Unicode )

( အပိုင်းရှစ် )

နေ့လည်စာစားချိန်ကြီး အိမ်ကကလေးဟာရုံးထိရောက်ချလာပြီး ဟိုဟာလိုက်ကျွေးပါ
ဒီဟာလိုက်ကျွေးပါနဲ့ပူဆာနေတာမို့ ရုံးနားကကဖေးကိုနှစ်ယောက်သားအတူရောက်နေခဲ့ကြသည်။

ကိတ်ချိုချိုလေးတွေလို အိမ်ကကလေးရဲ့အပြုံးလေးတွေသည် ကိုကို့အတွက်တော့အချိုသာဆုံးနဲ့အရသာအရှိဆုံးလေးဖြစ်နေမှာ။ပတ်ခ်ဂျီမင်ခွံပေးသမျှကို ကိုကိုကပြုံးပြုံးကြီးနဲ့စားပေးနေရသည်။

အသက်အရွယ်အရရွယ်တူလောက်ဆိုပေမယ့် လူကြီးတစ်ယောက်လိုရင့်ကျက်နေပြီဖြစ်တဲ့ကိုကိုနဲ့ ဘာအပူအပင်မှမရှိတော့သောအိမ်ကကလေးမှာ ဦးနဲ့ကလေးတိုက်ဒ်လိုဖြစ်နေသည်။

အိမ်ကကလေးလေးပြောသမျှစကားသံချိုချိူတွေကိုနားထောင်ပေးနေရစဥ္ ရုတ်တရတ်ဆိုသလို ဖေဖေ့ဆီကဖုန်းဝင်လာသဖြင့်သူဆိုင်အပြင်ကို အမြန်ထွက်ပြီးဖုန်းဖြေ​လိုက်ရသည်။

ရုတ်တရပ်ကြီး ဖေဖေကဘာကြောင့်များလဲ။အဲ့ဒါကလည်း အိမ်ကကလေးနဲ့အတူနေတဲ့အချိန်မှတဲ့လား။မဟုတ်တာကိုလုပ်ထားတဲ့လူက ကိုယ့်အရိပ်ကိုယ်ပြန်ထိတ်လန့်နေရမယ်ဆိုတဲ့စကားအတိုင်း သူဟာ အိမ်ကကလေးနဲ့ချစ်မိ၍ အပြစ်ရှိသလိုအမြဲခံစားနေရသည်လေ...။

* ဟုတ်ကဲ့ ကျွန်တော်လာခဲ့ပါမယ် *

ဖေဖေ့ဆီကဖုန်းမချခင် အိမ်ကကလေးကိုလှမ်းကြည့်ဖြစ်လိုက်သလို တစ်ဆက်တည်းမှာပဲသက်ပြင်းချမိသည်။ဖေဖေကဘာလို့တွေ့ဖို့ခေါ်ရတာလဲဟု ထွေထွေထူးထူးလည်းမစဥ္းစားဖြစ်ခဲ့ပါဘူး။

အတွေးတစ်ခုလွန်မိလျှင် နောက်ဆက်တွဲဝင်လာမယ့်အတွေးတွေကိုကြိုသိနေလို့ ထပ်ပြီးမွန်းကြပ်ရမှာတွေမလိုချင်သေးပေ...။

ကိစ္စတစ်ခုပေါ်လာတယ်လို့အကြောင်းပြပြီးအိမ်ကကလေးကို အိမ်အရင်ပြန်ပို့ပေးပြီးမှ
ချိန်းထားသောနေရာဆီသို့ ထွက်လာခဲ့လိုက်သည်။သက်ပြင်းတွေချနေမိတာလည်း ဘယ်နှကြိမ်မြောက်တောင် ရှိနေပြီလဲ။

ပို့ပေးထားတဲ့တည်နေရာဆီရောက်တော့ တော်တော်နဲ့ဝင်မသွားရဲခဲ့ဘူး။ဒါပေမယ့်အချိန်ဆွဲနေရုံနဲ့လည်းမပြီးသွားသေးဘူး..
ထို့ကြောင့် ကိုယ့်စိတ်ကိုယ်အကောင်းဆုံးပိုင်းခြားလိုက်ရသော်လည်း တွန့်ဆုတ်ခြင်းတွေကတော့ရှိနေသေးဆဲပါ။

ကိုကို(completed)Where stories live. Discover now