အပိုင်းသုံး

1.8K 197 12
                                    

( Unicode )

( Adropted Brother )

* ဆရာ...စီအီးအိုဂျောင်က ဆရာနဲ့တွေ့ခွင့်တောင်းနေပါတယ် *

အတွင်းရေးမှူးရဲ့စကားအဆုံး သူဟာ
ခေါင်းမော့လာခဲ့ပြီး ဝင်ခွင့်ပေးလိုက်ဖို့ကို မျက်လုံးများဖြင့်သာ အသိပေးလိုက်သည်။

အဲ့ဒီနောက် လက်ထဲမှာကိုင်ထားဆဲဘောပင်ကိုအဖုံးပိတ်လိုက်ရင်း စားပွဲခုံနဲ့
တတောက်တောက်ခေါက်နေပြန်ပါသည်။

ဟန်ထယ်ဟျွန်း၏နှုတ်ခမ်းပါးထက်တွင်တော့ ခပ်ထေ့ထေ့အပြုံးတစ်ခုကနေရာယူထားသလို မျက်ဝန်းများကလည်း အားရကျေနပ်နေကြောင်းဖော်ပြနေသေးသည်။

ပတ်ခ်ဂျီမင်နဲ့ တရားဝင်ချစ်သူတွေဖြစ်ပြီဆိုတာနဲ့ ဒီလိုမျိုးရောက်လာနိုင်မှန်းကြိုတွက်ထားပြီးသားပါ...အဟက်။

* စီအီးအိုဂျောင်ကုရှီ...ဝင်သွားလို့ရပါပြီနော် *

အတွင်းရေးမှူးဖြစ်ပုံရသောအမျိုးသမီးက တံခါးဖွင့်ပေးခဲ့ပြီး အလိုက်တသိပင်ထွက်သွားပေးပါသည်။

ဂျောင်ကတော့ မည်သည့်ခံစားချက်မျှမပါတဲ့မျက်နှာသေတစ်ခုဖြင့်သာ ရုံးခန်းပိုင်ရှင်ကိုကြည့်ပြီး ပြင်ဆင်ထားရာနေရာမှာဝင်ထိုင်လိုက်သည်။

ကြိုဆိုခြင်းအလျဥ်းမရှိတဲ့ရုံးခန်းထဲကို
ဂျောင်ဝင်ချသွားပုံခဲ့ဟာခပ်တင်းတင်းပါပဲ။အပေါ်ကုတ်၏ ကြယ်သီးတွေအားဆွဲဖြုတ်လိုက်ရင်း ဆိုဖာမှာလက်ထောက်ခြေချိတ်ပြီးထိုင်နေပုံက အရှိန်အဝါတွေအပြည့်နှင့်။

ဖိတ်ကြားခြင်းမရှိဘဲရောက်လာခဲ့တဲ့ဧည့်သည်တစ်ယောက်ပေမို့ ရုံးခန်းပိုင်ရှင်ဟာ
ဟန်ဆောင်ပြုံး၍ပင်မကြိုဆိုလာသလို
ဂျွန်ဟာလည်းအရေးတယူလုပ်၍ပင် နှုတ်ဆတ်မလာပါဘူး။

ဟန်ထယ်ဟျွန်းသည် ရုတ်တရတ်ဆိုသလို ဂျောင်ရောက်လာချခြင်းအပေါ် အရေးမလုပ်သလို ဂျောင်..ထိုင်စောင့်နေခြင်းအပေါ်မှာလည်းစိတ်မဝင်စားခဲ့ခြင်းအလျဥ္းမရှိခဲ့ပေ။

သူ့အလုပ်တွေကိုသာဆက်လုပ်နေခဲ့ပြီး မိနစ်စာမျှကုန်လွန်ပြီးတော့မှသာ ဂျောင်ရှိရာကို လှမ်းအကဲခတ်လိုက်ပြီးထိုင်နေရာမှထလာခဲ့သည်။

ကိုကို(completed)Where stories live. Discover now