အပိုင်းနှစ်

2.1K 216 14
                                    

( Unicode )

( Adropted Brother )

" တူ...တူ...တူ...တူ...!! "

* လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ သတ်မှတ်ချိန်တွင်း ပြန်လည်ဖြေကြားခြင်း..... *

ေဂျာင်ဟာ နားရွက်နားမှာတေ့ထားဆဲဖုန်းကိုအလျင်အမြန်ဆွဲခွာလိုက်ရင်း နောက်တစ်ကြိမ်ထပ်မံခေါ်ဆိုဖို့ဆိုင်းပြင်သည်။

ဒါနဲ့ဆို ဂျောင်ဖုန်းခေါ်နေခဲ့တာ ငါးခါထက်မနည်းရှိနေခဲ့ပါပြီ။ဒါပေမယ့်လည်း တစ်ဖက်က ဖုန်းဝင်နေရက်နဲ့ကိုမကိုင်လာခဲ့ဘူးလေ။

" တူ...တူ...တူ...လူကြီးမင်းခေါ်ဆိုသော! "

ဘယ်လိုပင်ခေါ်ခေါ်။ဘယ်လောက်ပင်ကြာသွားခဲ့ပါစေ။ကိုင်ဆိုခြင်းမရှိလာတဲ့ဖုန်းကြောင့် နောက်တစ်ကြိမ်ထပ်ခေါ်မနေတော့ပါဘူး။

နောက်ဆုံးပေါ်Zipဖုန်းကလေးကို စတိုင်လ်ပန်၏အိတ်ကပ်ထဲထိုးထည့်လိုက်ရပေမယ့်ဂျောင့်မျက်နှာဟာတော့ သိပ်မကောင်းလှပါ။

တစ်မနက်လုံးဖုန်းဆက်မရတဲ့ ဂျီငယ်ကြောင့်နည်းနည်းတော့စိတ်တိုင်းမကျဖြစ်ရပါတယ်။
ဖုန်းဆက်မရတာဟာ ဘာကြောင့်များလဲ?။

​ေဂျာင်သည် အိမ်က ကလေးကိုအိမ်ရောက်မှပဲ ချော့တော့မည်ဟုတေးလိုက်ပုံရပြီး ချက်ချင်းကို သူ့ရုံးခန်းထဲမှထွက်သွားကာ
နောက်မီတင်တစ်ခုတက်ဖို့အတွက် အတွင်းရေးမှူးကို ထိုသို့လောပြန်သည်လေ။

* နောက်တစ်နေရာဆက်သွားမယ် *

စီ အီး အို ဂျောင်ရဲ့ခြေသံကိုကြားလိုက်ရုံမျှရှိသေး စင်္ကြတစ်လျှာက်ရှိဝန်ထမ်းတွေမှာ
ခေါင်းငုံပြီးသားဖြစ်နှင့်နေခဲ့ကြပါပြီ။

ဂျောင်ဟာ ဤသို့မျိုး ဩဇာညောင်းသူဖြစ်နေပါလျက်နဲ့...သူ့အိမ်က ကလေးနဲ့ဆိုရင်တော့ ဩဇာလည်းမညောင်း အာဏာပါဝါလည်းမရှိတော့တဲ့ ကိုကိုသပ်ပါ။

**** you and me i am you ****

အရေးတကြီးမီတင်တွေဆက်နေလို့ ဟိုပြေး
ဒီပြေးနေရတဲ့ဂျောင်နဲ့ဆန့်ကျင်စွာ ဂျီငယ်ကတော့ ရုပ်ရှင်ရုံထဲမှာပေါက်ပေါက်တစ်ဗူးနဲ့အပူအပင်ကင်းမဲ့နေတာကိုတော့ ကိုကိုကဘယ်သိပါ့မလဲ။

ကိုကို(completed)Where stories live. Discover now