( Unicode )
( အပိုင်းတစ်ဆယ် )
ေခတ်မှီစွာဖွဲ့စည်းထားသော အထက်တန်းစားရုံးခန်းကြီးကိုမြင်လိုက်ရတာနှင့်တင် ဘယ်ကမှန်းတပ်အပ်မသိသော အရှိန်အဝါတစ်ခုခုကိုခံစားလို့ရနိုင်မှာပါ။ထိုမော်ဒန်မြင့်ရုံးခန်းထဲတွင်တော့ အမျိုးသားတစ်ယောက်ရိှနေခဲ့ပြီး တစ်စုံတစ်ယောက်ဆီမှနေ လက်ခံရရှိလာမည့် ဖုန်းအဝင်ကော်လ်တစ်ခုကိုစောင့်ဆိုင်းနေပုံလည်းရသည်။
အဲ့ဒီနောက်တွင်တော့ ရုတ်တရုတ်ဆိုသလိုပဲထမြည်လာသော ဖုန်းသံကြောင့် တစ်စက္ကန့်လေးမျှတုံ့ဆိုင်းနေခြင်းမပြုဘဲ ချက်ချင်းတန်းကိုင်သည်။အလုပ်စားပွဲကို ဘောပင်နဲ့ခေါက်နေသည့်ပုံမှာ အခုဝင်လာတဲ့ဖုန်းကော်လ်အတွက် မည်မျှထိစိတ်လှုပ်ရှားနေခဲ့ရသလဲဆိုတာ၏သက်သေပင်...။
* ရှာခိုင်းထားတဲ့လူက ဆွစ်ဇာလန်မှာမရှိပါဘူး *
တစ်ဖက်ရှိလူမှာ သူပြန်ကြားရမည့်အမိန့်ပေးသံတစ်ခုကိုသာ အာရုံစိုက်နေခဲ့ရသလို ဒီဖက်တွင်လည်း စကားလုံးတွေကင်းမဲ့နေရသည်။
* ကောင်းပြီလေ ရှာနေတာကိုမရပ်လိုက်နဲ့ဆက်ရှာကြ။ဖြစ်နိုင်ရင် တစ်ကမ္ဘာလုံးအနှံ့လူဖြန့်ရှာစေချင်တယ် *
ဟုတ်တယ် ဆွစ်ဇာလန်ထိလူလွှတ်ပြီးကိုကို့ကိုရှာခိုင်းတာ။မတွေ့လည်းကိစ္စမရှိဘူး။ကိုကိုဆန္ဒရှိရင် ဆွစ်ဇာလန်မှမဟုတ်ဘူး ကမ္ဘာမြေတဆုံးထိပုန်းနေလို့ရတယ်။တစ်ခုပဲပတ်ခ်ဂျီမင်လက်ထဲတော့ဖမ်းမမိစေနဲ့ပေါ့။
မြေကြီးထဲပဲဝင်ပုန်းပုန်း ဒီကောင်ကမြေလှန်ပြီးကို ရအောင်လိုက်ဖမ်းမှာမို့ လွတ်မယ်ထင်ရင်ပြေးလေ။ဒီအရူးက ကိုကို့စိတ်နဲ့အသက်ရှင်နေတာကိုမသိလို့လား။ငါမှချစ်ခွင့်မရတော့ရင် အဲ့ဒီကိုကို့ကို ဘယ်တစ်ယောက်မှချစ်ခွင့်မရစေရဘူး။
ငါ့ကိုမှမချစ်တော့ရင် ကိုကို့ကိုငါကလည်း
ဖန်ပုလင်းလေးထဲဆေးရည်ထည့်စိမ်ထားပြီး တစိမ့်စိမ့်ပဲချစ်နေတော့မှာ။ဟက်!...သဘောပြောတာပါ။သူ့လက်ချောင်းတွေသည် ဒီအခန်းရဲ့ယခင်ပိုင်ရှင်ဖြစ်ခဲ့လေသောတစ်စုံတစ်ယောက်၏
နာမည်ပါသုံးမြှောင့်ဖန်တုံးတစ်ခုအား ရင်ခွင်ပိုက်ပြီးငြိမ်သက်နေခဲ့ရသည်။