အပိုင်းငါး

1.4K 154 25
                                    

( Unicode )

( အပိုင်း​ငါး )

အချစ်က သိမ်မွေ့လွန်းတယ်။
ကိုကိုလို့ပေါ့...။

နူးညံလွန်းတဲ့ အဲ့ဲဒီအချစ်မှာ ကန့်သတ်ချက်တွေလိုလို့လား။စည်းတွေ ဘောင်တွေနဲ့မှချစ်ရမယ်လို့ ပညတ်ချက်ထုတ်ထားကြသလား။

အချစ်တစ်ခုအစပျိုးဖို့ ရေရေရာရာမသိခင်
မချစ်ကြည့်ရသေးခင်မှာပဲ ကိုကိုကစည်းခြားနှင့်ခဲ့ပြီးပြီတဲ့လေ။မတရားလိုက်တာ..။

စည်းခြားထားလည်း ကျွန်တော့်ကတော့ ကိုကို့ကိုချစ်ရသည်။မိသားစု..!အသိုင်းအဝိုင်းလား!ဘာလုပ်ရမှာလဲ အရေးမပါတာတွေ။

စည်းလည်းမရှိချင်ဘူး။ဘောင်လည်းမခတ်ချင်ဘူး။ကိုကို့ကိုပဲချစ်ချင်တယ်။ချစ်မိလို့အပြစ်ပေးမယ်ဆိုလည်း ခံယူပစ်လိုက်မည်။

ကိုကိုကလွဲရင် ဘယ်သူ့ကိုမှဂရုမစိုက်ဘူး။ပတ်ဝန်းကျင်လည်းစိတ်ဝင်စားနေမယ်လို့ထင်သလားကိုကို...ဆုတောင်းမနေနဲ့!ကိုကို့ကိုရအောင်ချစ်ရေးဆိုမှာ။

မေမေတို့နဲ့ရွေးရမယ်ဆိုရင်တောင် ဒီကောင်က ကိုကို့ကိုပဲရွေးမှာဗျ။ကိုကို့လောက် မေမေတို့ကိုမချစ်ဘူး။ဒီ့တော့ သွေးသားသံယောဇဥ္
တွေကို ကျွန်တော်ဖြတ်ဝံပါတယ်။

ကိုကိုသာ အနားရှိနေပေးမယ်ဆို..၊ကျွန်တော့်လက်ကိုတွဲထားပေးမယ်ဆို အသိုင်းအဝိုင်းရဲ့စွန့်ပစ်ခြင်းကို ကျွန်တော်မှုနေမှာမဟုတ်ဘူး။
ဒီကောင်က ကိုကိုနဲ့သက်ဆိုင်လာရင်တစ်ကိုယ်ကောင်း၊တဇောက်ကန်းကောင်ပါ။

ချစ်တယ်။ရူးလောက်တဲ့အထိကိုချစ်ရတယ်။

****** Adropted Brother ******

အိပ်ရာကနိုးလာတာနဲ့ ပထမဆုံးဦးနှောက်ထဲအလုပ်လုပ်လာတာက ရေသောက်ဖို့ဖြစ်ပြီး လက်တွေကလည်း ခုတင်အနှံ့ဟိုစမ်းဒီစမ်းနဲ့။လည်ပင်းတစ်လျှောက် ယားယံတက်လာမှုဟာ ခပ်ပြင်းပြင်းဝေဒနာတစ်ခုကိုပေးစွမ်းနေပြီမို့ဆက်အိပ်၍ရတော့မည်မဟုတ်။

အလိုမကျဖြစ်စွာဘဲ မျက်ခုံးတွေကိုလိုတာထက်ပိုကျုံ့ထားရင်း မျက်နှာကိုပြီးစလွယ်သစ်ပစ်ခဲ့ကာ ရေသောက်ဖို့ သူအခန်းအပြင်ထွက်ရတော့သည်။ထိုးထောင်နေဦးမယ့်ဆံပင်တွေကို ပိုဆွဲဖွပစ်လိုက်ရင်းရေခဲသေတ္တာထဲမှရေတစ်ဗူးကိုဆွဲထုတ်ကာ
ထို့အတိုင်းမော့သောက်ပစ်သည်။

ကိုကို(completed)Waar verhalen tot leven komen. Ontdek het nu