ယဥ်ယဥ်

16.5K 55 1
                                    

အေးမြတဲ့ မတ်လရဲ့ ညနေခင်းတစ်ခုမှာပါ ။ အပြင်မှာလည်း မအေးသလို ရင်ထဲမှာလည်း ပူလောင်နေသည်။

" ကဲ သမီး မေမေတို့သွားမယ် ဘဘစကား နားထောင်ပြီး လိမ်လိမ်မာမာနေခဲ့နော် ။ လက်ဆောင်တွေလည်း အများကြီး ဝယ်လာမယ်နော်"

" အင်း"

" မျက်နှာကြီးက ဘာလို့စူပုပ်နေတာတုန်း မေမေ့ချစ်သမီးလေးရဲ့ "

သက်သက်ဖောင်းထားတဲ့ ပါးတစ်ဖက်ကို အသာဆွဲပြီးတော့ မေမေ လှည့်ထွက်သွားပါတယ် ။ ဖေကြီးနှင့် မောင်လေးကတော့ အိမ်အောက်တောင် ရောက်နှင့်နေပြီ ။ ကားပေါ်ကနေ လက်ပြသွားတဲ့ မေမေတို့ကိုကြည့်ပြီး ဝရံတာကနေ ငုံ့ကြည့်နေတဲ့ ယဉ်ယဉ်ဆုလတ် စိတ်ထဲလေးလံပြီး ကျန်ခဲ့ပါတယ် ။ မောင်လေး (၁၀) တန်း စာမေးပွဲကြီးပြီးလို့ ဖေကြီးနဲ့ မေမေက မြန်မာပြည်အနှံ့ ခရီးထွက်ပေးမယ်ဆိုပြီး သွားကြတာလေ ။ သူကတော့ ဆေးကျောင်း နောက်ဆုံးနှစ်ဆိုတော့ စာတွေပိနေတာနဲ့ လိုက်လို့ မဖြစ်တာကြောင့် နေခဲ့ရတာပါ ။

အိမ်မှာကလည်း အိမ်ဖော်ကောင်မလေး ရှိပေမယ့် မိန်းကလေး နှစ်ယောက်ထဲ မထားခဲ့ချင်တာမို့ မေမေ့အစ်ကိုကြီး ဘကြီးဦးမြင့်သောင်းကို အကူအညီတောင်းတာမို့ သူတို့နဲ့အတူတူ လာနေပါတယ် ။ အစကတည်းက ယဉ်ယဉ်နဲ့ မျက်နှာကြောမတည့်တဲ့ ဘကြီးမို့ မလာစေချင်ပေမယ့် မေမေတို့က မရမက ချော့မော့ပြောတာကြောင့် အခုတော့ ၃ ပတ်တိတိ မတည့်အတူ နေရပါတော့မယ်။

ယဉ်ယဉ်ဆုလတ်က ရုပ်ချော ဘော်ဒီတောင့်သလောက် ခပ်စွာစွာရယ် ။ ငယ်ငယ်တည်းကလည်း စာတော်တာမို့ အမျိုးတွေက ပစားပေး မြှောက်စားထားတာကြောင့် ထောင်ထောင် ထောင်ထောင်နဲ့ နေတဲ့သူ ။ ဦးမြင့်သောင်းကတော့ ဒုရဲမှုးဘ၀ကနေ အငြိမ်းစားယူထားတာ တစ်နှစ်တောင် ပြည့်သေးတာ မဟုတ်။ တစ်ဖက်က ခေတ်လူငယ်စွာကျယ် တူမလေးနဲ့ တစ်ဖက်က စည်းကမ်းတင်းကြပ်တဲ့ ဘကြီးရယ် တွေ့ကြပါပြီ ။

မေမေတို့သွားကတည်းက အခန်းထဲတံခါးပိတ်နေလိုက်တာ ညနေစာ ထမင်းစားမှပဲ ဘကြီးနဲ့ မျက်နှာချင်းဆိုင် ဖြစ်တော့တယ် ။ တွေ့ကြတော့လည်း စကားက (၄) ခွန်းပြည့်အောင်တောင် မပြောဖြစ်ဘူး။ ဘကြီးကတော့ တူမကြီးကို မေးပါသေးတယ်။

အပြာစာWhere stories live. Discover now