​စုမွန်

18.4K 44 0
                                    

မောင် … ဒါပြီး … တော်တော့နော် ”

” မောင် … မမူးသေးပါဘူး … မွန် ”

တစ်ခုခုအား တွေးပြီး စိတ်ဓာတ်ကျနေပုံရသော ခင်ပွန်းဖြစ်သူ၏ မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်ရင်း လက်နှစ်ဖက်အား ဆုပ်ကိုင်လိုက်၏။

” မောင် … မွန့်ကို … ကြည့် ”

မျက်လွှာချထားရာမှ ဇနီးချောလေး စကားကြောင့် ပြည်စုံ လှမ်းကြည့်လိုက်သည်။ စုမွန်တစ်ယောက် လင်ဖြစ်သူအား စေ့စေ့ကြည့်ရင်း သက်ပြင်းရှည် ချလိုက်မိ၏။

” မောင်က ဘာကိုစိုးရိမ်တာလဲ …။ သူ့ပါသာ စကားကို အနိုင်ယူ ပြောသွားတာလေ …။ မွန်က သူ့ဆီ ပြန်သွားမယ်လို့များ ထင်နေလား ”

” မောင်က … ဒုတိယလူလေ ”

ပြည့်စုံမှာ ဇနီးချောလေးအား အကြည့်လွဲပြောရင်း သောက်လက်စ အရက်ခွက်အား အကုန်မော့ချ လိုက်ပြန်သည်။

” ဘာဆိုင်လဲမောင် …။ သူနဲ့မွန် တရားဝင် ကွာရှင်း ထားပြီးသား …။ အခုချိန် မောင်က မွန့်ရဲ့ ခင်ပွန်းလေ …။ ဒုတိယလူလို့ ပြောစရာလား …။ မောင် … မွန့်အချစ်ကို ဘာကြောင့် … မယုံကြည်ရတာလဲမောင်ရယ် … အဟင့် ဟင့် ”

” မွန့်ကို … ယုံပါတယ် …။ မောင်စိုးရိမ်တာက … ရဲသူ … မောင်တို့နှစ်ယောက်ကြား … ဝင်လာမှာ စိုးရိမ်တာပါ ”

” သူလည်း … လက်ရှိ မိန်းမနဲ့လေ … မောင် …။ မွန်နဲ့မောင် နားလည်မူရှိရင် … သူ့ကို ဂရုစိုက်စရာ … မလိုပါဘူး မောင်ရယ် ”

” မောင့်အထင် … ရဲသူက … မွန့်အပေါ် … သံယောစဉ် … မကုန်သေးသလိုပဲ ”

” မောင်ရယ် … မွန်က … မောင့်အနားမှာ တသက် လုံး နေမယ့်သူပါ …။ မောင် စွန့်ခွာသွားတောင် … အပြစ်မမြင်ဘူး …။ အဝေးကနေ ချစ်နေမယ့် သူပါ ”

” မွန်ရယ် ”

စုမွန် စကားလုံးများကြောင့် ပြည့်စုံ ရင်ထဲကြည်နူးသွားရသည်၊၊ ဇနီးချောလေးအား တအားချစ်မိနေ၏။ လက်လွှတ်ဆုံးရှုံးမှာ ကြောက်သလို ရဲသူအား မယုံကြည်ပေ။ လွန်ခဲ့သော ၃ ရက်ခန့် စျေးဝယ်အပြန် အမှတ်မထင် ရဲသူနှင့် တွေ့ရာ ဇနီးဖြစ်သူအား ပိုင်စိုးပိုင်နင်းဖြင့် လက်ဆွဲကာ သတိရကြောင်း မမေ့သေးကြောင်း ပြောဆိုနေ၏။

အပြာစာWhere stories live. Discover now