Chapter 4

248 47 13
                                    

Unicode

မရင်းနှီးတဲ့မြို့တော်ဝန်

အမှတ်၃ Brick laneလမ်း
လန်ဒန်မြို့

စာတိုက်ပုံးထဲသို့ယူလာခဲ့သောစာတစ်ချို့ထည့်ကာဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းပြီးလမ်းအတွင်းသို့ဝင်လာခဲ့လိုက်သည်။အချိန်ကညနေ နေဝင်ရီတရောအချိန်မလို့လမ်းမပေါ်မှာလူများကလူးလာခတ်သွားလာနေကြလေသည်။

သူလန်ဒန်သို့ရောက်နေတာတစ်ပတ်လောက်ရှိနေပြီ။အခုဆိုရင်ဘာတွန်တစ်မြို့လုံးကသူ့ကိုတရားခံလို့စွပ်စွဲနေတာကြတာ။
သက်သေအတိအကျမရှိသည့်အပြင်သူရောက်သွားတော့ဟယ်ရီချားလ်ကသေဆုံးနေခဲ့ပြီးသား။

ဖြစ်ချင်တော့အကြောင်းတိုက်ဆိုင်စွာပဲလက်ခံထားသည့်အမှုကဇာတ်ကြောင်းကိုရှာဖို့လန်ဒန်ကိုသွားဖို့အကြောင်းကဖန်လာရသည်။
ထို့ကြောင့်သက်သေအထောက်အထားတောင်မပြနိုင်ဘဲလန်ဒန်သို့တန်း၍သာရောက်လာရသည်။
ဝရမ်းပြေးတစ်ယောက်အနေနဲ့ပေါ့

လက်ခံထားသည့်အမှုကိစ္စသည်ချားလ်မိသားစုပိုင်ဆိုင်သောယမ်းစက်ရုံနှင့်လည်းပက်သက်ယှက်နွယ်နေသေးသည်။လောလောဆယ်သူ့လက်ထဲရှိသည်ကစက်ရုံရှိအလုပ်သမားများထဲမှစက်ရုံသမတစ်ယောက်သေဆုံးသွားသည့်ဖြစ်စဉ်တွင်ဟယ်ရီချားလ်ကပါဝင်ပက်သက်နေသည်ဟူသောသက်သေတစ်ခုသာရှိသည်။
ထိုကိစ္စဖြစ်ပျက်ပြီးသည့်နောက်ပိုင်းတွင်စက်ရုံအလုပ်သမားသေဆုံးမှုတွေကဘာတွန်မြို့အတွင်းစိပ်လာသည်။
ဤကိစ္စနဲ့ပက်သက်ပြီးဟယ်ရီချားလ်ကဘာဖြေရှင်းချက်မှမပေးချေ။

တစ်ယောက်မှလွဲ၍ကာယကံရှင်အားလုံးကလည်းရောဂါကြောင့်သာသေသည်ဟုထွက်ဆိုထားကြသည်။
ကောင်မလေးတစ်ယောက်သာလျှင်သူ့အစ်မသေဆုံးရခြင်း၏အကြောင်းကရိုးရိုးတန်းတန်းမဟုတ်ကြောင်းပြောပြလေသည်။ခက်သည်ကထိုကောင်မလေးသည်လည်းအမှုဖွင့်ပြီးကတည်းကဘယ်နားသို့ရောက်နေမှန်းမသိပါ။
ဤမျှပွေလီရှုပ်ထွေးလှသည့်ကိစ္စကရိုးရှင်းလှတာမဟုတ်တာကြောင့်ထိုအမှုဖွင့်တိုင်ကြားချက်ကိုလက်ခံလိုက်ခြင်းဖြစ်လေသည်။

Two Men In One LookWhere stories live. Discover now