Episode - 1

710 43 2
                                    

Unicode

"အဲ့ဒီလူကမာမီ့ကိုဆွဲချခဲ့တဲ့သူပါနော်၊
ဒါကိုဒယ်ဒီကဘာလို့ကူညီနေရတာလဲ"

"ဒယ်ဒီထပ်မပြောချင်ဘူး နေး
သူကသမီးဦးလေး သမီးအမေရဲ့မောင်"

"သူ့ဘာသာ ဘာကြီးဖြစ်နေပါစေ
ကျွန်မမလိုက်နိုင်ဘူး ဒယ်ဒီ
ကျွန်မသတင်းမမေးလို့သေမဲ့လူမှမဟုတ်တာ"

မစ္စတာဆေဗလင်း သမီးဖြစ်သူကြောင့်
ခေါင်းတခါခါဖြစ်နေမိသည်။နေးသိပ်ကိုခေါင်းမာလွန်းတာဟာသူမအမေနဲ့တူတာပင်။

လူတွေသာကြားရင်နေးဟာသိပ်ကိုဆိုးရွားသည့်တူမဖြစ်နေလိမ့်မည် သို့သော် သူမ သိထားတဲ့အမှန်တရားကိုတော့ တစ်ပါးသူတွေမြင်မှာမဟုတ်တဲ့အတွက်ဒါတွေကိုနေးဂရုမစိုက်နိုင်ပါ။

"ဒယ်ဒီ သမီးကို နေ့လယ် ၂ နာရီကျ
အသင့်ဖြစ်နေတာပဲမြင်ချင်တယ် နေး"

ပြောပြီး‌သည်နှင့်မစ္စတာဆေဗလင်းပြောင်လက်နေသည့်ကားနက်ပေါ်သို့တက်သွားလေသည်။

နေးကတော့အလိုမကျတဲ့မျက်လုံးတွေနဲ့မနက်
စာစားရင်းထမင်းစားခန်းထဲတွင်ကျန်နေခဲ့၏။

"နာနီ တီရှာနိုးလာရင်
စာကြည့်ခန်းထဲ
လာခဲ့ဖို့ကိုပြောပေးပါ"

"ဟုတ်ကဲ့ မမလေး"

ခပ်ညိုညိုအသားရည်ပေါ်တွင်အနက်ရောင်
ဂါ၀န်ကကျက်သရေရှိစွာနေရာယူထားလျက်။

Nattalie( နတ်တလီ )အပေါ်ထပ်က‌မာမီ့ရဲ့
စာကြည့်ခန်းထဲတက်လာခဲ့လိုက်သည်။

ပြတင်းပေါက်ကိုဖွင့်လိုက်သည်နှင့်အ
နောက်ဘက်ခြံကဒုဓလီပန်းခင်းကြီးဟာ
ခပ်ဆွေးဆွေးနေရာယူထားလေသည်။

ဒုဓလီပန်းတွေကသိပ်ကို
သနားစရာမကောင်းဘူးလား?
လူ‌တွေဆုတောင်းပြည့်ဖို့အတွက်
သူတို့ကကြွေဆင်းပေးရတယ်တဲ့။

နေးတွေးမိတာကတော့ဆုတောင်းတွေ
မပြည့်လည်းနေပါစေ၊ပန်းလေးကိုတော့
ဒီတိုင်းလှလှပပလေးသာရှင်သန်စေချင်တယ်။

"နတ်တလီ အန်နာ့ကိုခေါ်တယ်ဆိုလို့"

"ဈာပနပန်းခွေပြင်ထားလိုက် တီရှာ
တက်ရောက်ရမဲ့အထူးပွဲလေးရှိနေတယ်"

SHE  ( Sevlin Nattalie )Where stories live. Discover now