Episode - 14

138 9 0
                                    

Unicode

စားသောက်ပြီးတာနဲ့ဒါလင့်ကိုနေး
ဆေ‌ဗလင်းအိမ်တော်ကိုသာခေါ်လာခဲ့သည်။

"ဒီနေ့ကစပြီးဆေဗလင်းအိမ်တော်ကဒါလင့်အိမ်ပဲ"

"ကျေးဇူးတင်ပါတယ် လီလီ ရှိနေခဲ့ပေးလို့
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မဘေးနားမှာပေါ့"

"ဒါလင်လည်းကျွန်မဘေးနားရှိနေပေးပါ
ကျွန်မလိုချင်တာဒီကတိပေးတစ်ခုပါပဲ"

"ကျွန်မကတိပေးနိုင်ပါတယ်"

နေး ဒါလင့်စကားကြောင့်
နှစ်ခြိုက်စွာပင်ပြုံးလိုက်မိသည်။

"အခုအနားယူလိုက်ဦး လိုအပ်တာရှိရင်နာနီ့ကိုမေးလိုက်နော် ကျွန်မအစည်းဝေးရှိသေးလို့ပြီးတာနဲ့ပြန်လာခဲ့မယ် ဒယ်ဒီကဒီအချိန်ပြန်မရောက်သေးဘူး ဒါလင်လွတ်လွတ်လပ်လပ်သာနေနော်"

"ညစာစားဖို့ကျွန်မစောင့်နေမယ်နော် လီလီ"

ဒါလင်ကိုနေးပြုံးပြလိုက်ပြီးကားရှေ့ကိုရောက်တာနဲ့ထိုအပြုံးတွေကပျောက်ကွယ်သွားရသည်။

"တီရှာ ရှေ့နေနဲ့အတူစာရွက်စာတမ်းတွေပါ
ယူပြီးစိန်မေရီဆေးရုံကိုလာခဲ့ အဲ့မှာတွေ့မယ်"

နေးရဲ့ချစ်ရသူကိုနာကျင်အောင်လုပ်ထားပြီးအေးဆေးနေလို့ရမယ်ထင်လား၊အဲ့ဒီလူကဒါလင့်ရဲ့အဖေဖြစ်နေရင်တောင်နေးခွင့်မလွှတ်နိုင်ဘူး။

"ဆေးရုံအုပ်ရုံးခန်းထဲကိုချိန်းဆိုထားတာမရှိရင်အခုလိုလက်လွတ်စပယ်၀င်လို့မရပါဘူး မဒမ်"

"ဟုတ်လား မင်းတားရဲရင်ငါ့ကိုတားလိုက်လေ"

တစ်ဖက်ကအတွင်းရေမှူးမှာနေးရဲ့
အကြည့်စူးစူးတွေကြောင့်တုန်ရီနေပြီ။

"ကျွန်မမတားရဲပါဘူးရှင် ဒါပေမဲ့
ကျွန်မအလုပ်ပြုတ်သွားနိုင်လို့ပါ"

နေးဇွတ်တိုး၀င်တော့ထိုမိန်းကလေးပြောလာတဲ့စကားတွေကသူ့အတွက်ဟာသတစ်ပုဒ်လိုပင်။

"မဒမ် ကျွန်မကိုအခက်တွေ့အောင်မလုပ်ပါနဲ့
မဟုတ်ရင် လုံခြုံရေးခေါ်ပြီးဆွဲထုတ်ရလိမ့်မယ်"

"မင်းသိထားဖို့ကအခုလက်ရှိဆေးရုံပိုင်ရှင်ကငါနော် မင်းကိုဘယ်နေရာမှာမှအလုပ်မရအောင်လုပ်နိုင်တဲ့လူပဲ ဘာပြောချင်သေးလဲ"

SHE  ( Sevlin Nattalie )Where stories live. Discover now