Episode - 10

200 20 0
                                    

Unicode

အခန်းထောင့်ကပန်းချီးကားတစ်ခုဆီအကြည့်ရောက်သွားတော့ရှင်းနိုမျက်ရည်တွေဝဲတက်လာခဲ့သည်။

ဒါပန်းချီကားမှမဟုတ်တာ!

ဒါကရှင်းနိုရဲ့ပုံတွေကို တစ်စုတစ်စည်းထဲ
ဖြစ်အောင်လုပ်ပြီး ဘောင်ခတ်ထားတာပဲ !

ပုံတစ်ခုကိုအကြည့်ရောက်တော့ပြီးခဲ့တဲ့အဖြစ်ပျက်တွေဆီရှင်းနိုပြန်ရောက်သွားရသည်။

"ဒေါက်တာ မပြုံးပါနဲ့လား
ကျွန်မနှလုံးသားလေးက
ဒေါက်တာ့ရဲ့အပြုံးမှာခံနိုင်ရည်မရှိလို့"

"ဒီမှာ Mrs.Sevlin ကျွန်မကို
အဲ့လိုတွေလာမပြောပါနဲ့"

"ဘာလို့လဲ၊ကျွန်မကိုဒေါက်တာ
ချစ်မိသွားမှာကြောက်လို့လား"

"အို....မဟုတ်တာ"

"ကျွန်မကိုမချစ်လည်းရတယ်
မုန်းလို့လည်းဖြစ်တယ် ဒါပေမဲ့
လျစ်လျူရှုလို့တော့မရဘူးနော်"

ထိုနေ့တုန်းကရှင်းနိုမှာဆေးရုံကအလုပ်သင်ဂျူနီယာဆရာ၀န်လေးတွေနဲ့အလုပ်ပြီးတော့စကားပြောကြရင်းကလေးတွေကခပ်နောက်နောက်ရယ်မို့ရယ်နေရတာပါးစပ်ပင်မစိနိုင်၊အဲ့ဒီတုန်းကရှင်းနိုတကယ်ကိုပေါ့ပေါ့ပါးပါးပြုံးရယ်နေမိခဲ့တာ၊ဒီဓာတ်ပုံကိုရှင်းနိုသေချာမှတ်မိတယ်။

နောက်တော့ဘယ်ကရောက်လာမှန်းမသိတဲ့နေးကသူမကိုအဲ့လိုရိသဲ့သဲ့စကားတွေလာပြီးပြောနေတာကြောင့်အော်ထုတ်လိုက်ရသေးသည်။

သူဘယ်ချိန်တည်းကရှင်းနိုကိုဒီလိုမျိုးတွေ
လိုက်ပြီးတော့လျှောက်ရိုက်နေခဲ့တာပါလိမ့်?

ရှင်းနိုမျက်၀န်းထဲစိုစွတ်နေတဲ့မျက်ရည်တွေကိုလက်ဖမိုးနဲ့ပွတ်သုတ်ပစ်လိုက်၏။ရှင်းနိုတကယ်အမှန်ပင်အံ့ဩသွားတာ၊နေးကသူမကိုချစ်တာကြောင့်ပျော်လည်းပျော်မိသလိုတစ်ချိန်တည်းမှာပင်၀မ်းနည်းလာရပြီးမျက်ရည်တွေဝဲတက်လာခဲ့ရသည်။

ရှင်းနိုကကောသူမကိုအဲ့လောက်ထိချစ်နိုင်ပါ့မလား၊စေ့စပ်ပွဲကိစ္စကိုကောရှင်းနိုဘယ်လို‌ဖြေရှင်းရမည်နည်း၊ရှင်းနိုနဲ့သူမတွဲနေတာ‌ကိုကောဖေဖေကလက်ခံပါ့မလား။

SHE  ( Sevlin Nattalie )Donde viven las historias. Descúbrelo ahora