Episode - 6

230 19 0
                                    

Unicode

"နတ်တလီ ရှင်းမေရီရဲ့ရှယ်ယာအစည်းဝေးအတွက်အန်နာအားလုံးပြင်ဆင်ပြီးပြီ တစ်ခုပဲ
ရိုဆာလစ်ရှင်းနိုအထင်လွဲသွားနိုင်တယ်"

"နေး သူ့အတွက်တံတိုင်းကြီးအဖြစ်မှာရှိပေးချင်ရုံလေးပဲ အန်နာ"

"ဒါပေမဲ့ နတ်တလီ အချစ်က ချစ်ပုံချစ်နည်းမှားရင်လည်း တစ်ဖက်လူကို နာကျင်မှုပေးတာနဲ့
တူသွားတတ်တယ်ဆိုတာ သိထားသင့်တယ်"

နေးရှင်းမေရီဆေးရုံရဲ့ရှယ်ယာရှင်တွေကိုစည်းရုံးလိုက်ပြီးနေးကိုရှယ်ယာရှင်တွေရဲ့အကြီးကဲအဖြစ်ထောက်ခံခိုင်းထားသည်။နေးကစီးပွားရေးနဲ့ပက်သက်လာရင်သိပ်ကိုတော်တဲ့အမျိုးသမီးပေမို့ဒီရှင်းမေရီဆေးရုံလောက်ကိုကသူမစာမဖွဲ့ပါ။

အခုလိုလုပ်ရတာကလည်းရှင်းနိုအတွက်ပါပဲ၊ရှင်းနိုကိုရှယ်ယာရှင်တွေကဆေးရုံအုပ်ရာထူးအတွက်သိပ်ထောက်ခံချင်ပုံမရတာကိုနေးမြင်လို့ရှင်းနိုနောက်မှာဆေဗလင်းလုပ်ငန်းစုရှိတယ်ဆိုတာသိသွားဖို့ပဲ။

အနက်ရောင်စတိုင်‌ဘောင်းဘီနဲ့အနက်ရောင်ရှပ်လက်ရှည်ကိုသူမရဲ့ညိုစိုစိုအသားရည်ပေါ်မှာ၀တ်ဆင်လိုက်ပြီးရှယ်ယာရှင်အစည်းဝေးအတွက်ရောဒေါက်တာနဲ့နေ့လယ်စာအတူစားဖို့ပါ ရှင်းမေရီဆေးရုံဆီ နေးထွက်လာလိုက်သည်။

"ဟယ်လို ဒေါက်တာ"

သူမရုံးခန်းဆီတစ်လှမ်းချင်းလျှောက်လာတဲ့နေးကအရင်နေ့တွေလိုဂါ၀န်နဲ့မဟုတ်တာမို့ရှင်းနိုအမြင်မှာကြည့်လို့ကောင်းတာအမှန်ပဲ၊ ကျောလယ်မရောက်တရောက်ဆံပင်ကိုခပ်မြင့်မြင့်စီးထားတာကြောင့်သူမမျက်နှာကထင်းလို့နေသည်။

"လွမ်းနေတာလား ဒေါက်တာ ဒါမှမဟုတ်
ကျွန်မကသိပ်ပြီးကြည့်ကောင်းလို့လားဟင်"

နေးစကားကြောင့်ရှင်းနိုမျက်နှာလွှဲလိုက်မိသည်။

သူမမဟုတ်ဘူးငြင်းလို့ရရက်သားနဲ့
ဘာကြောင့်မငြင်းမိမှန်းကိုယ်တိုင်လည်းမသိ၊
နေးကြည့်ကောင်းတာကတော့တကယ်ပါ။

"ဒါကဘာလာလုပ်ပြန်တာလဲ မဒမ်ဆေဗလင်း"

"အိုး...ဒေါက်တာကကိုယ့်ဆီလာတဲ့လူနာကို
ဒီလိုပဲပြောတာလား နေးမသိခဲ့ဘူးပဲ"

SHE  ( Sevlin Nattalie )Where stories live. Discover now