Episode - 13

171 10 0
                                    

Unicode

ရှင်းနိုရုံးခန်းထဲကပစ္စည်းတွေကို
အကုန်လိုက်သိမ်းလိုက်သည်။

တကယ်ဆိုဆရာ၀န်ဆိုတဲ့ရာထူးကရှင်းနိုနဲ့လားလားမှမဆိုင်ပါ၊ရှင်းနိုဆရာ၀န်လည်းမဖြစ်ချင်ခဲ့ဘူးလေ။

ဒါတောင်ကြိုးစားပြီးဖေဖေဖြစ်စေချင်တဲ့ဆေးရုံအုပ်ရာထူးအတွက်လုပ်လာခဲ့တာ၊နောက်ဆုံးတော့လည်းစွန့်ပစ်ခံရတာပါပဲ။

"ဒေါက်တာရိုဆာ တကယ်သွားမလို့လား"

"ဖေဖေကအခုရိုဆာ့ကိုမလိုအပ်တော့ဘူးတဲ့
ရိုဆာမရှိရင်ဂျိုးဆက်ကလက်ထောက်လုပ်စရာမလိုတော့ဘူးပဲ ဒါပေမဲ့ ရိုဆာ့ကိုလွမ်းနေရမယ်နော်"

သူ့ကိုပြုံးပြုံးလေးနှုတ်ဆက်နေတဲ့
ရှင်းနိုကြောင့်ဂျိုးဆက်ငိုချင်လာလေသည်။

ရှင်းနိုကသံယောဇဉ်ရှိရတဲ့သူမရဲ့
အထက်လူကြီးမဟုတ်လား။

"ကျွန်‌မကတော့ဒေါက်တာ့လက်ထောက်ပဲ
လုပ်ချင်ပါတယ် ဒေါက်တာရိုဆာရယ်"

"ကျွန်မတို့ပြန်တွေ့ကြတာပေါ့ သွားပြီနော်"

ရှင်းနိုဂျိုးဆက်ကိုနှုတ်ဆက်ပြီးတာနဲ့
ခြေဦးတည်ရာကိုလျှောက်နေမိသည်။

အခုရှင်းနိုအိမ်ကိုလည်းပြန်ခွင့်မရှိတော့ဘူးမဟုတ်လား၊ရှင်းနိုကတစ်ဦးတည်းသောသမီးမို့မောင်နှမအိမ်မှာသွားနေလို့မရသလိုအမျိုးတွေနဲ့လည်းကျောင်းပြီးတည်းကအဆက်သွယ်မရှိတာကြာပြီပင်။

‌နေ့လယ်စာလည်းမစားရသေးတာမို့ဗိုက်ကဆာလာလေသည်။တက္ကစီငှားပြီးအရင်တစ်ခါကလီလီနဲ့သွားဖူးတဲ့စားသောက်ဆိုင်ကိုလာလိုက်သည်။

စားသောက်ဆိုင်ထဲ၀င်လာတော့အရင်ဆုံးလီလီ့ကိုသတိရမိသည်။ကြည့်မရတဲ့သူကိုဘ၀မှာချစ်မိသွားလိမ့်မယ်လို့မထင်ခဲ့၊ပြီးတော့ထိုသူကလည်းမိန်းကလေးတစ်ယောက်ဖြစ်နေခဲ့ပြန်သည်။

အချစ်ကဆန်းကြယ်လိုက်တာလို့ရှင်းနိုတွေးနေမိ၏။

"ဒေါက်တာဘယ်မှာလဲ"

နေ့လည်ကျတွေ့ကြမယ်လို့ပြောထားသည်ကိုဒါလင်ကနေးဖုန်းအားမကိုင်ခဲ့ပါ၊တစ်ခုခုဖြစ်နေတာလားလို့စိတ်ပူတာကြောင့်ဆေးရုံကိုသာလိုက်လာခဲ့ရသည်။ရုံးခန်းရောက်တော့လည်းမတွေ့ရပြန်။

SHE  ( Sevlin Nattalie )Where stories live. Discover now