Episode - 11

209 19 0
                                    

Unicode

"ဘာဖြစ်လို့လဲ ‌ဒါလင် ကျွန်မဒယ်ဒီကလည်းဒါလင့်ဒယ်ဒီပဲပေါ့ မခေါ်ချင်လို့လား မခေါ်ချင်လို့မရဘူးနော် ဒါလင် ကျွန်မကဒါလင့်ကိုလက်ထပ်ဖို့ထိပါ ရည်ရွယ်ထားတာ ဒယ်ဒီ့ကိုပါပြောပြီးပြီ"

လီလီတစ်ယောက်နဲ့တော့
ရှင်းနိုရူးနေမိပါသည်။

အဖေတစ်ယောက်လုံးရှေ့ထားပြီးတော့သူဘယ်လိုပြောထွက်လဲမသိပင်မဲ့ရှင်းနိုကတော့ရှက်နေမိသည်။

"နတ်တလီ ညစာစားကြမယ် ရှင်းနိုကိုမစတော့နဲ့"

"အိုး နေးကစနေတာမဟုတ်ဘူး တကယ်ဒါလင်နဲ့လက်ထပ်မှာ ဒယ်ဒီကခွင့်ပြုမယ်မဟုတ်လား"

"ဒေါက်တာ့သဘောကိုလည်းမေးဦးမှပေါ့ သမီးရဲ့ နှစ်ဦးသဘောတူဆိုရင်တော့မနက်ဖြန်လက်ထပ်ချင်သပါ့ဆိုလည်းဒယ်ဒီကအကြီးကြီးကိုစီစဉ်ပေးဦးမှာ"

"ကြားတယ်နော် ဒါလင် ဒေါက်တာ့သဘောတဲ့"

"ဟိုလေ အရမ်းမြန်နေမလားလို့"

"ဒါဆို ဒါလင်ကကျွန်မနဲ့လက်ထပ်ချင်တယ်ပေါ့"

နေးမှာသူ့ပုံစံမဟုတ်တဲ့အတိုင်း‌ရှင်းနိုစံအိမ်ကိုရောက်လာတည်းကအတော်လေးတက်ကြွနေတာ။

"ဟို...ထမင်းစားတော့မယ်"

ရှင်းနိုမှာနေးမေးခွန်းကြောင့်အရှက်ကြီးစွာပင်ထမင်းတွေကိုဟင်းမထည့်ပဲထိုင်စားနေတာမို့နေးကြိတ်ပြီးပြုံးမိပါသေးသည်။

အမြန်ပင်ဟင်းမျိုးစုံကိုနေးထည့်ပေးမိတာကြောင့်ရှင်းနိုပန်းကန်ထဲမှာဟင်းတွေပုံလို့။

"လီလီစား" ဆိုကာရှင်းနိုကနေးပန်းကန်ထဲကိုဟင်းပြန်ထည့်လာပေးတာကြောင့်သူ့မှာမစားပဲနဲ့ကို၀သွားခဲ့ပါသည်။

ဒီလိုလေးတစ်သက်လုံးသာနေခွင့်ရမယ်‌ဆို
နေးဘာပဲပေးဆပ်ရပါစေရွေးချယ်မိမှာပင်။

"ကျွန်မကိုအပေါ်ထပ်မှာစောင့်နေပေးနော် ဒါလင် တီရှာနဲ့အလုပ်ကိစ္စပြောပြီးရင်လာခဲ့မယ် အသီးလေးစားပြီးစောင့်နေ"

ညစာစားပြီးတော့နေးကိုယ်တိုင်ခွဲခြမ်းထားတဲ့အသီးပန်းကန်လေးကို‌ရှင်းနိုလက်ထဲထည့်ပေးပြီးအပေါ်ထပ်အခန်းမှာစောင့်ခိုင်းလိုက်တော့သည်။

SHE  ( Sevlin Nattalie )Where stories live. Discover now