Episode - 4

275 19 0
                                    

Unicode

"No.24 SevlinNattalie ၀င်လို့ရပါပြီရှင့်"

သူနာပြုလေးအပြောကြောင့်
နေးပြုံးပျော်စွာပင်
ဒေါက်တာ့အခန်းဆီ၀င်လာခဲ့သည်။

နေး သူမအလှည့်ကိုရောက်ဖို့
နေ့တစ်၀က်တောင်လာစောင့်နေရတာ
ဒေါက်တာ့ကို သူ့မှာတွေ့ချင်လွန်းလို့
အလုပ်တွေကိုအန်နာ့ဆီလွှဲထားခဲ့တာပင်။

နေးကိုမြင်တော့ရှင်းနိုရဲ့မျက်နှာက
တင်းမာသွားသည်ကိုသတိထားမိပါရဲ့။

ရှင်းနိုလည်းဖေဖေပြောပြသလောက်ဆေဗလင်းအိမ်တော်အကြောင်းသိခဲ့ရတာမို့ဝေးဝေးသာနေချင်မိပင်မဲ့အခုသူကကိုယ့်လူနာဆို‌တော့အကောင်းဆုံးကုသပေးရမယ်မဟုတ်လား။

"ဘာဖြစ်တာလဲဆိုတာပြောပြပေးပါ လူနာ"

နေးပြုံးမိသွားသည်၊ဆရာ၀န်ကသူ့ရဲ့လူနာကို
မေးခွန်းမေးတာမျိုးမှန်ပင်မဲ့နေးအတွက်ဒေါက်တာကကြင်နာသူမို့ရင်ထဲကြည်နူးမိတာပင်။

"နှလုံးခုန်နှုန်းမြန်နေတာပါ ဒေါက်တာ
ဒေါက်တာမှမကယ်ရင်ကျွန်မရူးသွားနိုင်တာမို့တာ၀န်ယူပေးမယ်မဟုတ်လား"

"အို...ရှင်....ဘာတွေပြောနေတာလဲ
ကျွန်မကအထူးကုဆရာ၀န်ဆိုပင်မဲ့
ရောဂါကျွမ်းနေရင်နှလုံးအထူးကုနဲ့ပြရမှာရှင့်"

ဒေါက်တာရှက်သွားတယ်လို့
နေးထင်မိတာကြောင့်ရယ်မိပါသည်။

"အကြောင်းရင်းကိုကောမမေးတော့ဘူးလား
ဒေါက်တာ ဘာလို့ကျွန်မနှလုံးခုန်နှုန်းမြန်ရတာလဲဆိုတာကိုကော မသိချင်ဘူးလားဟင်"

"ကျွန်မ လူနာ့ကိုပြောပြပေးဖို့
ပြောတယ်မဟုတ်လားရှင် "

"အကြောင်းရင်းကတော့ဒေါက်တာ့ကြောင့်ပဲ
မြင်မြင်ချင်းအချစ်ဆိုတာကိုကော ဒေါက်တာ‌
ယုံလားတော့မသိပင်မဲ့ ကျွန်မကတော့ယုံတယ်
ဘာလို့လဲဆို ဒေါက်တာ့ကိုကျွန်မ မြင်မြင်ချင်းချစ်မိသွားခဲ့လို့ပဲ ‌ကျွန်မအချစ်ကိုလက်ခံပေးပါ"

နေးစကားကြောင့်ရှင်းနိုရဲ့
မျက်နှာကရဲတက်လာသည်။

ဘာတွေပြောနေတာလဲဆိုတာ သူကိုယ်တိုင်ရောသိရဲ့လား ဘယ်လိုတောင် မိန်းကလေးတစ်ယောက်ကမိန်းကလေးတစ်ယောက်ကိုချစ်ရေးဆိုနိုင်ရတာလဲ တခြားမိန်းကလေးနှစ်ယောက်ဆိုရင်တော့မထူးဆန်းပင်မဲ့ အခုကဆက်ဆံ‌ရေးကောင်းတဲ့သူတွေမဟုတ်မှန်းသူမသိဝာာလားလေ။

SHE  ( Sevlin Nattalie )Where stories live. Discover now