Episode - 15

186 13 2
                                    

Unicode

ရာသီတွေပြောင်းလဲလို့ အချိန်ကာလတစ်ခုကို နေးနဲ့ရှင်းနိုအတူတကွကုန်ဆုံးခဲ့ကြသလိုအမှတ်တရတွေကလည်းပိုများလာသည်။

‌ရှင်းနိုကလည်းနေးအပေါ်ကိုပိုကပ်တွယ်လာပြီးအရင်လိုသူစိမ်းမဆန်လေတော့နေးမှာရှင်းနိုကိုမျက်စိအောက်ကကိုအပျောက်မခံတော့ပေ။

ရူးလောက်အောင်ချစ်မိသွားတာမို့ဒါလင်သာနေးနားမရှိတော့ရင်တကယ်ပင်ရူးသွားနိုင်ပါသလား။

ဆောင်းမနက်တွေမို့နေးစောစောထကာလေ့ကျင့်ခန်းလုပ်ရင်းမနက်စာအတွက်ဈေး၀ယ်ထွက်လေ့ရှိသည်။

နေးပြန်လာရင်တောင်တစ်ယောက်သောသူကအိပ်နေတုန်းပင်၊နှိုးလည်းမနှိုးရက်ပါ၊ဒါလင်ကသူနဲ့မတွေ့ခင်နှစ်တွေမှာစိတ်ရောလူပါပင်ပန်းရခဲ့တာမို့သူ့အနားရှိနေတုန်းအနားယူစေချင်ပါသည်။

ညဆိုနောက်ကျမှပြန်လာတဲ့နေးဟာအခုတော့အိမ်ကိုစောစောပြန်လာပြီးရှင်းနိုနဲ့ထမင်းတစ်ဝိုင်းတည်းစားဖို့ကိုသာအာရုံထဲရှိတော့တာမို့ဒယ်ဒီကမျက်ခုံးတစ်ပင့်ပင့်နဲ့ပင်။

အခုလည်းဒါလင့်အတွက်မီးခိုချောင်ထဲ၀င်ကာကိုယ်တိုင်ချက်ပြုတ်နေသည်မို့ကော်ဖီသောက်ရင်းသမီးဖြစ်သူကိုမျက်စောင်းထိုးနေပြန်သည်။

ဆေဗလင်းစံအိမ်ရဲ့မမလေးဟာအခုတော့အချစ်ကြောင့်မလုပ်ဖူးတာတွေလုပ်နေပြီမို့ဆောင်းတွင်းမှာမိုးရွာတော့မယ်လို့မပြောရုံတမယ်ဒယ်ဒီကလိုက်ပြီးကြည့်နေတာဖြစ်သည်။

ပြောလည်းပြောချင်စရာပင်လူလတ်ပိုင်းအရွယ်ရောက်နေတဲ့နေးဟာအိမ်မှုကိစ္စတွေကို‌နိုင်နင်းပင်မဲ့ဆက်ခံသူမို့အလုပ်ကိုသာကိုင်တွယ်နေခဲ့ပြီး

အခုမှချစ်ရသူအတွက်ချက်ပြုတ်နေကာကျွေးဖခင်ကိုတောင်ထမင်းတစ်ပန်းကန်မချက်ပေးခဲ့သူမို့မွေးရကျိုးအလွန်ကိုနပ်သည့်တစ်ဦးတည်းသောသမီးလေးပင်။

"အဟမ်း!"

ဒယ်ဒီချောင်းဆိုးသံကြောင့်နေးပြုံးကာအသင့်လုပ်ထားတဲ့ french toast ကိုသွားချပေးလိုက်တော့ကျေနပ်သွားသယောင်ပြုံးလို့နေသည်။

You've reached the end of published parts.

⏰ Last updated: Feb 19 ⏰

Add this story to your Library to get notified about new parts!

SHE  ( Sevlin Nattalie )Where stories live. Discover now