Episode - 3

313 24 0
                                    

Unicode

"နေး ဒီပန်းခွေကဘာလဲ"

ဒယ်ဒီ့ရဲ့အံ့ဩသွားတဲ့မျက်နှာကြောင့်နေး
ရယ်ချင်သွားသည်။တကယ်ဆိုနေးကိုဒယ်ဒီဒေါသထွက်သင့်တာပါ သို့သော် မြင်နေကျ
အဖြစ်ပျက်တွေမို့ အံ့ဩမှုပဲရှိနေတာဖြစ်သည်။

"ဗင်ချီလူး၀စ့် အယ် မှားလို့
နေးရဲ့ဦးလေးအတွက်လေ"

နေးရယ်ချင်နေတဲ့မျက်နှာကို
ဆက်ထိန်းရင်းပြောလိုက်သည်။

"နေး ဒါကောင်းတဲ့အပြုမှုမဟုတ်ဘူးနော်"

"‌နေးလည်းကောင်းတဲ့အရာ
လုပ်နေတာမဟုတ်ဘူးလေ ဒယ်ဒီ"

ဗင်ချီလူး၀စ့်ကတော့ကုတင်ပေါ်မှာ
ထိုင်နေရင်းပင်သွေးတက်နေလေ၏။

"ဘယ်လိုလုပ်မလဲ
ပန်းခွေလိုမယ်ထင်ခဲ့တာ
အခုတော့ပစ်ရတော့မယ်"

မစ္စတာဆေဗလင်းကခေါင်း
တခါခါဖြင့်ရပ်ကြည့်နေသည်။

"ပန်းခွေကလှလွန်းတော့လည်း
ပစ်ဖို့တောင်နေးနှမြောနေတယ်

တစ်ယောက်ယောက်ရဲ့ဈာပနပွဲဖြစ်ဖို့လိုနေပြီ
ဒါမှ နေးရဲ့ပန်းဖိုးကိုမဆုံးရှုံးမှာမဟုတ်လား"

အေးစက်စက်နိုင်တဲ့အပြုံးတစ်ခုကိုချိတ်ဆွဲ
ပြီးဗင်ချီလူး၀စ့်နားသို့တိုးကပ်လာသည့်နေး။

ရာရာစစ ' နတ်တလီ ' ရဲ့
လမ်းမှာလာရှုပ်ရဲတယ်ပေါ့။

"ဦးလေးကခြေထောက်ဘဲကျိုးလို့
နေးကိုသိပ်ဂရုမစိုက်တာထင်တယ်"

ဘေးနားမှာရပ်‌နေတဲ့
အဖေကိုလည်းနေးဂရုစိုက်မနေ။

"အခုလူနာကိုခြိမ်းခြောက်နေတာလား"

ထိုနေ့က ဆေဗလင်းနတ်တလီ၊
အဲ့ဒီအသံ၊အဲ့ဒီမျက်နှာလှလေးကြောင့်
မာကျောနေတဲ့နှလုံးသားဟာအသစ်
တဖန်ပြန်လည်အသက်ရှင်လာခဲ့တယ်။

ရှင်းနိုနဲ့ဖေဖေ round လှည့်နေတုန်း
ပန်းခွေကြီးနဲ့လူတစ်စုကို
မြင်လိုက်တာကြောင့်
ဒီအထပ်ဆီအမြန်လာခဲ့လိုက်ခြင်း။

"ဒီအခန်းရဲ့တာ၀န်ကျတဲ့သူနာပြုဘယ်မလဲ"

"မုန့်ဖိုးပေးလိုက်လို့
အပြင်ထွက်သွားတာထင်တယ်"

SHE  ( Sevlin Nattalie )Where stories live. Discover now