မြို့အုပ်ဝမ် နှင့် သူနာပြုရှောင်း
Part 5
------
စနေနေ့ရဲ့နံနက်ခင်းမှာတော့ရှောင်ကျန့်ကိုဝမ်ရိပေါ်ခိုင်းလို့မရပါဘူး မနေ့ည
ထဲကရှောင်ကျန့်ကပြောပြီးသားသူဖုန်းဆက်စရာရှိတယ်တဲ့လေ မနေ့ညထဲက
ရှောင်ကျန့်ကိုခိုင်းစရာရှိတာခိုင်းထားပြီးသားပဲ ဧည့်ခန်းထဲမှာကြိုးဖုန်းရှိတယ်
လေ သူလည်းမိဘတွေစီကိုလွမ်းလို့ဖုန်းဆက်ချင်မှာပေါ့။"ဟယ်လို"
"ဘယ်သူလဲခင်ဗျ"
"ကျန့်ကျန့်ပါဗျ"
"အော်..အေး ကျန့်ကျန့်လေးလား နေကောင်းလားသား"
"ဟုတ်ကဲ့ မားကိုသွားခေါ်ပေးပါလားဟင်"
"အေးအေး ခနကိုင်ထားနော်သား"
"ဟုတ်ကဲ့"
ရှောင်ကျန့်တို့လိုရွာလေးမှာဖုန်းကိုင်နိုင်တာဆိုရင် ရွာသူဌေးတွေပဲရှိတယ်။
"ဟယ်လို သား"
"မားမား နေကောင်းလား"
"အင်း သားလေးရော "
"ကောင်းပါတယ်ဗျ"
"ဘာလို့အခုမှဖုန်းဆက်တာလည်း ကောင်စုတ်လေးရဲ့ မားစိတ်ပူလွန်းလို့
ရူးတော့မယ်""သားရောပဲလွမ်းတယ်"
ရှောင်ကျန့်ကဖုန်းစကားပြောနေတာကို မြို့အုပ်ဝမ်တစ်ချက်သာကြည့်ပြီး
စာအုပ်ပြန်ဖတ်နေတယ် ။1နာရီ...
1နာရီလောက်ရှိနေပြီရှောင်ကျန့်ကိုကြည့်လိုက်ပြန်တော့လည်းအေးရာအေး
ကြောင်းခုံပေါ်မှာမှီပြီး ဖုန်းစကားပြောနေတာ နေစမ်းပါဦးတစ်ရွာလုံးရှိသမျှ
လူတွေအားလုံးကိုနေကောင်းလားဆိုပြီးလိုက်မေးနေတာလား။"သားဖုန်းချတော့မယ်နော်"
"အေးအေး ချစ်တယ်နော်သား မကြာမကြာဖုန်းဆက်ကြားလား"
"ဟုတ်ကဲ့"
ရှောင်ကျန့်ဖုန်းချကာအကြောပြေဆန့်နေလိုက်သေးသည်။
"ပြီးသွားပြီပေါ့"
"ဟုတ်"
"တော်သေးတာပေါ့ စာအုပ်2အုပ်မြောက်ငါဖတ်လို့မပြီးသေးချိန်မင်းပြီးသွားလို့"
YOU ARE READING
မြို့အုပ်ဝမ် နှင့် သူနာပြုရှောင်း (completed )
Fanfictionမြို့အုပ်လေးနဲ့သူနာပြုလေးပေါ့