Part 20

2.8K 288 4
                                    

မြို့အုပ်ဝမ် နှင့် သူနာပြုရှောင်း
Part 20
--------
မြို့အုပ်အိမ်တော်ကိုပြန်ရောက်ကတည်းကိုကတဟီးဟီးဖြစ်နေတဲ့ရှောင်ကျန့်
နဲ့ ပြုံးစိပြုံးစိဖြစ်နေသော သူ့သားကိုကြည့်ရင်းနဲ့ မြို့အုပ်ဟောင်းပြုံးမိသည်
အော်.... ညီအစ်ကိုတွေများ။
(brother zoneထဲကနေလွတ်သွားပါပြီ ဦးလေးရယ်)

ညစာထမင်းစားဝိုင်းမှာလဲ အောက်ဘက်ကမြို့အုပ်ဝမ်ရဲ့ခြေထောက်နဲ့
ရှောင်ကျန့်ရဲ့ခြေထောက်တို့ကအချင်းချင်းထိနေပြီးကျီစယ်နေကြပြန်
တယ် အဲ့တာကိုမြို့အုပ်ဟောင်းကအောက်ကိုကြည့်ကာ။

"ဟိတ်! ရန်မဖြစ်နဲ့ စားစရာရှိတာစား ဘယ်နှယ့် ကလေးတွေလိုမျိုး
ခြေထောက်နဲ့ကန်ပြီးရန်ဖြစ်နေရတယ်လို့ "

"ဟုတ်ကဲ့ မြို့အုပ်ဟောင်း"

ရှောင်ကျန့်ကရပ်ပြီးစားစရာရှိတာစားတယ် မြို့အုပ်ဝမ်ကမနေနိုင်ပါ
ရှောင်ကျန့်ခြေသလုံးတောအထိပါလိုက်တို့နေသေးသည် ရှောင်ကျန့်ကအပေါ်ကနေမျက်နှာရိပ်မျက်နှာကဲပြတယ် အဲ့တာကိုမသိချင်
ယောင်ဆောင်နေတယ်။

ရည်းစားရရင်ဒီလိုလေးroဖို့ကို ဇာတ်လမ်းတွေ စာအုပ်တွေထဲကနေ
နူတ်ယူထားရတာ အလကားမဟုတ်မှန်း မြို့အုပ်ဝမ်အခုမှသိတယ်။

"ကျောင်းတက်ရတာအဆင်ပြေလား ကျန့်ကျန့်"

"ဗျာ...အာ ဟုတ်ကဲ့ အဆင်ပြေပါတယ်"

"အေးအေး ဘွဲ့ရအောင်ကြိုးစားသားကြားလား"

"ဟုတ်ကဲ့"

"မင်းရော သားမြို့အုပ်ရုံးမှာအဆင်ပြေလား"

"ဟုတ် ပြေတယ်"

"အေးအေး အဆင်ပြေတယ်ဆိုပြီးတာပဲ ဒါနဲ့...မင်းကိုတစ်ခုမေးချင်တယ်"

"အင်း"

"ဘာလို့ဒီနေ့ညနေမင်းပြုံးစိပြုံးစိဖြစ်နေတာလဲ"

"ဖြစ်နေလို့လား"

"အေး ဟုတ်တယ်နော် ကျန့်ကျန့်လေးကိုမေးကြည့်"

"အင်း ဟုတ်တယ် ပြုံးနေတယ်"

"ဘာဖြစ်လို့လဲ နေကောင်းရဲ့လား မင်းဒီလိုဖြစ်နေတာအဖေတစ်ခါမှ
မမြင်ဖူးလို့"

မြို့အုပ်ဝမ် နှင့် သူနာပြုရှောင်း (completed )Where stories live. Discover now