final part - (26)

3.9K 275 9
                                    

မြို့အုပ်ဝမ် နှင့် သူနာပြုရှောင်း
Part - 26 (final part)
-------------
ရှောင်ကျန့်ဗိုက်မှာ7လကျော်ကျော်လောက်တော့ရှိနေပါပြီ မနက်တိုင်း
သူ့ဗိုက်လေးကိုမှန်ရှေ့မှာကြည့်ကြည့်တယ် တော်တော်လေးကြီးလာတာပဲ
ကလေးလေးလဲကြီးလာပြီနေမယ်။

"ကျန့်ကျန့် ဘာလို့အကြာကြီးရပ်နေတာလဲ ညောင်းနေမယ် လာ"

မြို့အုပ်ဝမ်ကရှောင်ကျန့်ကိုပွေ့ကာ ခုံပေါ်တင်ပေးထားတယ် အဆက်မပြတ်ပဲ ခြေထောက်တင်ဖို့ခုံတွေပါယူလာပေးတယ် tvလည်း
အသင့်ဖွင့်ထားပေးတယ်။

"ကျန့်ကျန့် ယောက်ျားကလိမ္မာလိုက်တာ တအားချစ်တာပဲ"

"ကိုယ်ရောပဲ"

မြို့အုပ်ဝမ်က မြို့အုပ်ရုံးကနေအတတ်နိုင်ဆုံးအလုပ်ကိုခပ်မြန်မြန်လုပ်ပြီး
ပြန်လာတယ် ပုံမှန်ဆိုရင်မြို့အုပ်ရုံးမှာညနေလောက်သာပြန်ရောက်ပေမဲ့
မနက်မြို့အုပ်ရုံးသွားပြီး နေ့လည်လောက်မှာပြန်ရောက်လာသည်။

"ဖေဖေ့ရဲ့ သားလေးလား သမီးလေးလား"

မြို့အုပ်ဝမ်ကရှောင်ကျန့်ဗိုက်လေးကိုလက်နဲ့အသာလေးပွတ်ကာ နားကိုလည်းကပ်ထားသေးတယ် ရှောင်ကျန့်ကတော့မြို့အုပ်ဝမ်ကိုကြည့်ကာ
ပြုံးနေရှာတယ်။

"သမီးလေးလား"

မြို့အုပ်ဝမ်က ပြောတော့အထဲကနေ ကန်လိုက်တာကိုခံစားမိပါတယ်
ရှောင်ကျန့်ကတော့အထဲကကလေးကန်တာအနည်းငယ်နာပေမဲ့လည်း
ပျော်ရွှင်မူ့ကြောင့်နာကျင်ရတာကိုမသိတော့ပါ ။

"စိတ်ဆိုးသွားတာလား ဖေဖေ့ကလေးလေးက"

"ဝမ်ကိုကို ကြည့်ရတာမိန်းကလေးမဟုတ်ဘူးထင်တယ် "

"သားလေးလား...ဖေဖေ့ သားလေးလား ဝမ်ရှောင်ယွီလေးရေ ချစ်လိုက်တာ
မြန်မြန်ဗိုက်ထဲကနေထွက်လာတော့နော် "

"ဝမ်ကိုကို ဒီကလေးလေးမွေးလာရင်လေ ကျန့်ကျန့်ကိုချစ်ဦးမှာလား"

"ဘာလို့အဲ့လိုပြောရတာလဲ ချစ်မှာပေါ့ ကျန့်ကျန့်ကိုပထမဆုံးချစ်တာပဲကို"

"ဟွန်း! မကျေနပ်ဘူး"

"ဘာဖြစ်လို့လဲ ကျန့်ကျန့်ရယ် ကိုယ့်ကိုပြော"

မြို့အုပ်ဝမ် နှင့် သူနာပြုရှောင်း (completed )Where stories live. Discover now