Part 24 (edit)

2.7K 262 16
                                    

မြို့အုပ်ဝမ်နှင့်သူနာပြုရှောင်း
Part 24
ပြန်ပြင်ထားပါတယ်ရှင့်
----------
ရှောင်ကျန့်မှာကိုယ်ဝန်ရှိမှန်းသိသိခြင်းပဲ ဂရုစိုက်လာရတယ် ရှောင်မားက
တော့ ဖျက်ချခိုင်းတယ် ရှောင်ကျန့်ကငြင်းဆန်တယ် အနည်းဆုံးဝမ်ကိုကို့
ကိုမရခဲ့ရင်တောင်မှပဲ ဝမ်ကိုကိုနဲ့တူတဲ့ ကလေးလေးရချင်တယ်။

ရှောင်မားဖျက်ချခိုင်းရတာက ယောက်ျားလေးကကိုယ်ဝန်ဆောင်တယ်ဆိုတာက ဖြစ်ရပ်ဆန်းကြီးပဲလေ
နောက်ပြီးတော့ မြို့အုပ်အိမ်တော်ကနေထွက်လာပြီးတော့လည်း မြို့အုပ်ဝမ်
နဲ့တွေ့ဖြစ်မှာမှမဟုတ်တာ နောက်ပြီးတော့ရှောင်ကျန့်ကလည်းငယ်ငယ်ရွယ်ရွယ်လေးနဲ့အိမ်ထောင်ပြု
လို့ကောင်းတဲ့အရွယ်ပဲလေ အမျိုးကောင်းအမျိုးသမီးလေးနဲ့ပေးစားပြီး
သာယာတဲ့အိမ်ထောင်ရေးလေးသာတည်ဆောက်ပေးစေ့ချင်နေတာ။
(ငါနဲ့ယူမှာလေ 😁😁)
ဒါပေမဲ့လည်းသူမသားက ကလေးကိုမဖျက်ချစေချင်ဘူး ဖျက်ချခိုင်းရင်
သတ်သေပါ့မယ်ဆိုလို့ မလုပ်ပဲနဲ့ဒီအတိုင်းငြိမ်နေလိုက်ရတယ် အခုဆိုကိုယ်ဝန်က 4လကျော်နေလို့5လရောက်နေပြီ ဗိုက်လေးကလည်းပူနေပြီ။

"ရှောင်သားအမိတို့ တို့သတင်းပြောပြရဦးမယ်တော်ရေ"

"ဘာများလဲ"

နေ့လည်နေ့ခင်းဘက်မှာ ရှောင်မားနဲ့အရွယ်တူအမျိုးသမီးတွေက လာပြီး
စကားလာလာပြောကြသည် အပျင်းပြေတာပေါ့။

"တို့မြို့ကိုလေ မြို့အုပ်မင်းလာမယ်တဲ့"

ထိုစကားကိုကြားတော့ ကန်စွန်းရွက်ကိုဆိတ်နေသောရှောင်မားရဲ့လက်တွေ
ကရပ်တန့်သွားရတယ် မြို့အုပ်မင်းကဘာလာလုပ်တာလဲသူမသားရှိတာကို
သိသွားလို့များလား။

"ဟုတ်..ဟုတ်လား"

"အင်း"

"ဘာလာလုပ်တာတဲ့လဲ"

"အို...တို့မြို့မှာဖြစ်နေတဲ့ပြဿနာတွေကို ရှင်းပေးတာပေါ့အေ တို့မြို့ရဲ့
ခေါင်းဆောင်ကလည်းဘာဆိုဘာမှမလုပ်ပေးတာ အဲ့တော့တို့တွေကတိုင်ရတာပေါ့ အထက်ကို"

"အော်...."

"ကောလဟာလတွေများလားတော့မသိပါဘူးတော်ရေ ဟိုးတစ်ခါတုန်းက
လည်းတိုင်ထားတာမလာခဲ့ဘူးလေ"

မြို့အုပ်ဝမ် နှင့် သူနာပြုရှောင်း (completed )Tempat cerita menjadi hidup. Temukan sekarang