Part 25

2.8K 246 5
                                    

မြို့အုပ်ဝမ် နှင့် သူနာပြုရှောင်း
Part 25
-----------
ရှောင်ကျန့်မားမှာဆွံ့အမိသလိုပဲ ဘာမှလည်းမပြောတော့ပါ သူမပြန်လာတော့ သူမသားနဲ့မြို့အုပ်ဝမ်နဲ့ကအချင်းချင်းဖက်နေကြတာ
ခွာလို့တောင်ရပါ့မလားတောင်မသိတော့ဘူး သူမအစတုန်းကလန့်သွားပါ
သေးတယ် ရှောင်ကျန့်ကဖြစ်လာသမျှကို ချစ်သူနဲ့အတူရင်ဆိုင်မယ်ဆိုပြီး
သူမရှေ့မှာရဲဝံ့စွာနဲ့ပြတ်သားစွာပြောခဲ့တာ သူမခေါင်းငြိမ့်ခဲ့ပါတယ်
အချစ်စစ်မှန်ရင်အခက်အခဲနဲ့ပြည့်နေရတာပဲလေ။

မြို့အုပ်ဝမ်ဟာဆိုရင်တည်းခိုခန်းတောင်မပြန်တော့ပဲနဲ့ ရှောင်ကျန့်တို့အိမ်မှာနေတယ် လီရှင်းခမျာသနားတော့သနားသား
အထုတ်တွေဆွဲလာရတာအမော မြို့အုပ်ဝမ်ကသူ့ချစ်ချစ်နဲ့တွေ့ပြီးပျော်နေပြီ
သူကတော့အထုတ်တွေတစ်ယောက်ထဲဆွဲနေရတာ အထုတ်ထမ်းသမား
ငှားပေမဲ့ မရပါ။

"ဝမ်ကိုကို..."

"ဗျာ..."

"ပန်းသီးစားချင်တယ်"

"ဒီမှာလေ ကျန့်ကျန့်ရဲ့"

ရှောင်ကျန့်ရှေ့လေးတင်ပန်းသီးတွေကိုစိတ်ထားပြီးချပေးထားတာ ပန်းကန်လေးတိုးပေးသည် ရှောင်ကျန့်မကျေနပ်ပါ သူဒီလိုမျိုးနေချင်တာ
မဟုတ်ဘူးလေ ဂရုတစိုက်နဲ့ သူ့ပါးစပ်နားရောက်တဲ့အထိကို ခွံ့ကျွေးစေ့
ချင်တာ။

"စားဘူး စားတော့ဘူး"

"ဟောဗျာ...ကိုယ်ဘယ်လိုလုပ်ပေးရမလဲ"

"ခွံ့ကျွေးလေ! သူများတွေကိုမတွေ့ဘူးလား"

"အော် ခွံ့ကျွေးရမှာလား "

"ဟုတ်တယ်! ဝမ်ကိုကိုနော် ကျန့်ကျန့်ပြောမှထလုပ်တာ ကျန့်ကျန့်စိတ်ဆိုး
တယ်နော်"

"မဆိုးပါနဲ့ဗျာ ကလေးလေးလဲ စိတ်ဆိုးနေပါဦးမယ် ဟ...အာ"

ရှောင်ကျန့်ကစူပုတ်ပုတ်နဲ့စားတယ် ရှောင်မားကတော့ သူတို့ကိုကြည့်ရင်းနဲ့
ပြုံးနေရှာသည် သူမသားလေးက မြို့အုပ်ဝမ်မရောက်လာခင်တုန်းကဆိုရင်
စိမ်းသက်သက်နဲ့နေနေတာ အခုနဲ့လုံးဝဆန့်ကျင်ဘက်ပဲလေ။

"ကလေးကိုသယ်ထားနေရတာ လမ်းလျှောက်တော့ညောင်းတယ် နှိပ်ပေး"

မြို့အုပ်ဝမ် နှင့် သူနာပြုရှောင်း (completed )Where stories live. Discover now