Extra

1.4K 99 0
                                    

မြို့အုပ်၀မ်နှင့်သူနာပြုရှောင်း
Extra
ဟီး....အကြံလေးကလို့ထပ်ရေးပေးတာပါ။
...............
ခုတင်ကျယ်ကြီးပေါ်မှာ ရှောင်ကျန့်ကအိပ်မပျော်ပါချေ နာရီကြည့်
တော့ ၁၂နာရီထိုးတော့မည် ဝမ်ကိုကိုကအခုတလောအမြဲနောက်
ကျတတ်သည် ပြင်သစ်ကမြို့အုပ် ရောက်လာကတည်းကပင် ။

*ကျွီ...*

တံခါးပွင့်လာတော့ ရှောင်ကျန့်တစ်ဖက်လှည့်သွားတယ် တော်တော်ကြာတော့ သူ့ဘေးနားကိုလှဲလာကာ စောင်လေးခြုံပေး
ပြီး အိပ်သွားတော့သည် ရှောင်ကျန့်လှည့်ကြည့်မိတယ် ဒါသူ့ယောကျာ်းမှဟုတ်ရဲ့လား စကားတောင်မပြောဘူး ရှောင်ကျန့်
ချက်ချင်းထထိုင်ကာ နိူးလိုက်သည် ။

"၀မ်ကိုကို....ထထ"

"ဟင်...."

"ကျန့်ကျန့်ကိုဘာလို့စကားမပြောတာလဲ"

"မင်းအိပ်နေပြီထင်လို့ပေါ့ ဝှား...ကိုယ်လည်းအိပ်တော့မယ်"

ပြောနေရင်းနဲ့ တစ်ဖက်လှည့်ပြီး အိပ်သွားပြန်သည် ရှောင်ကျန့်မကျေနပ်ပါ ဒါကြောင့်ပဲ ၀မ်ရိပေါ် ကိုယ်ပေါ်မှာတက်ဖိပြီးအိပ်လိုက်သည် ။

"၀မ်ကိုကို"

"အင်း"

"ကျန့်ကျန့် အိပ်မပျော်ဘူး "

"...."

ရှောင်ကျန့်မော့ကြည့်တော့ ၀မ်ရိပေါ်ကအိပ်‌ပျော်နေပြန်သည်
ရှောင်ကျန့်ကအတင်းလူပ်နိူးတော့ မျက်လုံးလေးမပွင့်ချင်ပေမဲ့
လည်းပွင့်လာရသည်  ။

"ကျန့်ကျန့်အိပ်မပျော်ဘူး တစ်ခုခု ပြောပေး"

"ဘာလို့...ဝှား...အိပ်မပျော်တာလဲ.."

"သားသားကို သိပ်လိုက်ရလို့လေ အမှန်ဆိုလေ ကျန့်ကျန့်ကအိပ်
နေတာသိလား အဲ့တာ ၀မ်ကျန့်ယွီက အော်ငိုတော့ ကျန့်ကျန့်ကသွားပြေးသိပ်ရင်းနဲ့ သူကအိပ်သွားရော ကျန့်ကျန့်ကမျက်လုံးကျယ်သွားတော့ အဲ့တာအိပ်မပျော်တော့ဘူး"

"...."

"၀မ်ကိုကို... ကျန့်ကျန့်ကိုချစ်တော့ဘူးလားဟင်"

"ချစ်တာပေါ့..."

"အဲ့တာဆို အိပ်ပျော်အောင် တစ်ခုခုပေးလို့.."

🎉 You've finished reading မြို့အုပ်ဝမ် နှင့် သူနာပြုရှောင်း (completed ) 🎉
မြို့အုပ်ဝမ် နှင့် သူနာပြုရှောင်း (completed )Where stories live. Discover now