မြို့အုပ်ဝမ် နှင့် သူနာပြုရှောင်း
Part 18
---------
ယမ်ကျွင်းပြန်တော့ကားအထိလိုက်ပို့ပေးသောရှောင်ကျန့်ကိုပြုံးပြလိုက်သည်
ရှောင်ကျန့်ကတော့မျက်နှာလေးညှိုးနေတယ် သူမကိုပြူံးပြချင်သလိုလိုနဲ့ပဲ
အကဲခတ်လို့မရဘူးပဲ။"ဟိုဟာ... တို့တစ်ခုလောက်ပြောခဲ့ချင်တယ်"
"ဗျာ..ဟုတ်ကဲ့"
"ရိပေါ်ကိုကောင်းကောင်းဂရုစိုက်ပေး"
"ဟုတ်ကဲ့"
"အများကြီးလည်းချစ်ပေးသိလား သူတစ်ခုခုသာလုပ်ရင်စိတ်သာကောက်ပစ်လိုက်ကြားလား"
"ဗျ...ဗျာ ဘာလို့ကျန့်ကျန့်ကစိတ်ကောက်ရမှာတုန်း"
"တစ်ဖြည်းဖြည်းသိလာလိုက်မယ် ကဲ တို့ကိုကားအထိလိုက်ပို့ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ် သွားလိုက်ဦးမယ်""ဟုတ်ကဲ့...ကောင်းကောင်းသွားပါဗျ"
"အင်း"
ရှောင်ကျန့်မှာထွက်ခွာသွားသောကားလေးကိုငေးမောကြည့်နေရင်းကျန်နေခဲ့
ရလေသည် သူမပြောသွားတာဘာအဓိပ္ပာယ်တွေလဲ။"ရှောင်ကျန့် လာဦး"
"ဟုတ်ကဲ့ လာပြီ"
"ညကြရင်မြို့ထဲမှာပွဲတော်ရှိတယ် အဲ့တာမင်းလိုက်ချင်လား"
"ဘယ်သူတွေပါလဲဟင်"
"ငါတို့နှစ်ယောက်ထဲ"
ယမ်ကျွင်းပါလိမ့်မယ်လို့ထင်ခဲ့ပေမဲ့လည်း မဟုတ်ခဲ့ပါ မြို့အုပ်ဝမ်ကသူ့ကိုသာခေါ်သွားမယ်တဲ့လေ ဒါပေမဲ့လည်းဖြစ်ပါ့မလား
သူတို့ကရည်းစားဖြစ်နေပြီပဲကို။"ဟိုဟာ..ယမ်ကျွင်းရောမပါဘူးလားသူမကိုခေါ်သွားပါလားဟင်"
"ဘာလဲ မင်းကငါခေါ်တာမလိုက်ချင်ရအောင်လို့ဘယ်သူနဲ့သွားမလို့လဲ"
"..."
"မင်းရည်းစားနဲ့လား ကောင်းပြီလေ ငါနဲ့မသွားချင်လဲသဘောပဲ ငါလည်းမသွားတော့ဘူး"
"မြို့အုပ်ဝမ် ချန်လျိုးကိုအဲ့လိုမျိုး မင်းရည်းစားမင်းရည်းစားနဲ့မပြောပါနဲ့"
"ဘာလဲမကြိုက်လို့လား "
"အင်း"
"အဲ့တာဆိုဘယ်လိုခေါ်ရမလဲ"
YOU ARE READING
မြို့အုပ်ဝမ် နှင့် သူနာပြုရှောင်း (completed )
Fanfictionမြို့အုပ်လေးနဲ့သူနာပြုလေးပေါ့