System နှင့်ချိတ်ဆက်ခြင်း

1.9K 93 11
                                    

Unicode

" နန်း မင်း....မင်းယုတ်မာလှချည်လား ဘာလို့... ဘာလို့ ငါအပေါ် ဒီလိုလုပ်ရက်ရတာလဲ "

" မုန်းလို့ ရှင့်ကိုမုန်းလို့ ဒီမှာ ကိုထူးခန့်ပိုင် ကျမရှင့်ကိုချစ်လို့ ကြိုက်လို့ လက်ထက်ထားတယ်ထင်နေတာလား "

" ဘာကွ အဟွတ်.. ဟွတ် "

" မိဘတွေက အတင်းပေးစားလို့သာ ရှင့်ကိုလက်ထက်ခဲ့တာ ကျမမှာ ကျချစ်ရမဲ့သူရှိပြီးသား ရှင့်လိုမာနထောင်လွှားနေတဲ့လူကို ကျမကချစ်တယ်များထင်နေလား ဟက် ရှင့်ပိုင်ဆိုင်မှု ရှင့်စည်းစိမ်တွေလိုချင်လို့ မိဘတွေစီစဥ်တာမငြင်းပဲ ခေါင်းညိမ့်ခဲ့တာ "

" ငါ့ပိုင်ဆိုင်မှု ငါ့ရဲ့စည်းစိမ်တွေကို မင်းရမယ်ထင်နေသလား ချယ်ရီနန်း "

" အို ထင်နေတာမဟုတ်ဘူး ရကိုရမှာ ရှင်သေသွားရင် ရှင့်ရဲ့ ရှေ့နေနဲ့တိုင်ပင်ပြီး သေတမ်းစာအတုလုပ် အဟင်း ရှင့်အသိမိတ်ဆွေတွေရှေ့မှာ ၁ပတ်လောက်ဝမ်းနည်းပြလိုက်မယ် ပြီးရင် ရှင်ထားခဲ့တဲ့စည်းစိမ်တွေကို စာချုပ်အရ မတက်သာလို့ ယူလိုက်ရတာပါဆိုပြီး မျက်နှာချိုသွေးမယ် နောက်ကျရင် ကျမချစ်တဲ့သူနဲ့လက်ထက်မယ် ဟားဟားဟား "

" မင်း "

" မပူပါနဲ့ ရှင်သေရတော့မှာပါ ဘာလိုလဲသိလား အခုရှင်သောက်မဲ့ အအေးခွက်ထဲမှာ အဆိပ်ထည့်ထားတယ်ရယ် မစိုးရိမ်ပါနဲ့ အဆိပ်က အရမ်းမပြင်းပါဘူး အဟင်း သွေးအန်ပြီးတော့ပဲသေမှာ နာကျင်မှုမရှိစေရဘူး အဟင်း "

ထူးခန့်ပိုင် ချယ်ရီနန်းနဲ့ စကားများနေတုံးမှာပဲ  မျက်လုံးတွေလေးလာသလိုခံစားရပြီး ဝမ်းဗိုက်တစ်နေရာမှ အလွန်ဆိုးဝါးတဲ့နာကျင်မှုကိုခံစားလိုက်ရသည်။ ထိုနောက်တွင်တော့ သွေးအန်ကာ သေဆုံးသွားခဲ့သည်။

' တီ...တီ.. တီ  System 07 နဲ့ချိတ်ဆက်ပြီးပါပြီ '

ထူးခန့်ပိုင် သူ့နားထဲကြားနေတဲ့ စက်ရုပ်လိုလို အသံသေးသေးလေးကြောင့် လန့်နိုးလာရတော့သည်။ သူ..သူကသေသွားပြီမလား ဘာလို့ ဘာမှမဖြစ်သလိုခံစားရတာလဲ။ အတွေးတို့နဲ့အတူ သူရောက်နေတဲ့နေရာကိုကြည့်မိတာ့ အရမ်းလှသည်။ မိုးပြာရောင်အခန်းတစ်ခုအတွင်း ရောက်နေတာဖြစ်ပြီး အပြာနုရောင်ကုတင် ဘေးပတ်ပတ်လည်တွင်တာ့ မြူခိုးအနည်းငယ်ရှိနေပြီး CCTV အခန်းလိုမျိုး TV တွေလဲအများကြီးရှိလေသည်။

ဗီလိန်အားကယ်တင်ခြင်း  ( System  )Where stories live. Discover now