Arc 4.5

552 30 1
                                    

Unicode

Be Youth bar ရဲ့ထောင့်ဆုံးဝိုင်းတစ်နေရာတွင်ဖြစ်သည်။ ခပ်လန်းလန်းကောင်မလေးတစ်ယောက်နှင့် လူရှုပ်လူပွေကောင်လေးတစ်ယောက်တို့ အတူတွဲထိုင်နေကြသည်။  ထိုနှစ်ယောက်တွင် ကောင်မလေးကအတော်ဒေါသထွက်နေဟန်ရှိသည်။

" တောက်စ် တကယ်ဆို james ရဲ့အချစ်တွေ အကြင်နာတွေ အပြုံးတွေ ဂရုစိုက်မှုတွေအကုန်လုံး ငါအတွက်ပဲဖြစ်ရမှာ ဘာမဟုတ်တဲ့ အကောင်ကလုယူသွားတာလုံးဝမကျေနပ်ဘူး "

" ဟား  စိတ်ကူးယဥ်နေလိုက်တာ rain ရာ တကယ်တော့ နင်ပြောနေတဲ့အရာတွေက rain ဆိုတဲ့ နင်နဲ့လားလားမှမသက်ဆိုင်တဲ့အရာတွေ "

" ငါစိတ်ကြည်မနေဘူး Thony "

" ဒါဆိုစိတ်ကြည်သွားအောင် ဖျော်ဖြေပေးမယ်လေ "

" ဘယ်လိုဖျော်ဖြေပေးမှာလဲ "

" မင်းကိုနိဗ္ဗာန်ခေါ်ဆောင်သွားပေးမဲ့ ဆေးတစ်မျိုးတွေ့ထားတယ်"

" အညွန်းကကောင်းလှချည်လား တကယ်ရောဟုတ်လို့လား "

" နောက်ထပ်လိုချင်ပါသေးတယ်ဆိုပြီး တောင်းဆိုရတဲ့အထိဆိုရင်ရော "

" အဲ့တာဆိုမြန်မြန်ပေးလေ "

" မလောနဲ့လေ အပေးရှိရင်အယူရှိရတယ်တဲ့ "

" အဟင်း အချစ်ကဘာလိုချင်လို့လဲ baby ကအချစ်လိုချင်တာပေးဖို့အသင်ပဲ "

" ဒါဆိုလဲ ..."

ထို့နောက် be youth bar ရဲ့သီးသန့်ခန့်အတွင်း ဆူညံ့သံတွေထွက်ပေါ်လာပြီး ထိုအခန်းထဲရှိလူတွေရဲ့ လှုပ်ရှားမှုအစုံကို အမိအရ vd ရိုက်ထားတဲ့ မှင်စာလေးလဲရှိလေရဲ့။

❈❈❈❈❈❈❈❈❈❈❈❈
Luther တစ်ယောက် ပင်ပန်းလွန်းတာကြောင့် အိပ်စက်အနားယူရန်အိပ်ခန်းထဲဝင်လာခဲ့သည်။ ထို့နောက်လန်းသွားအောင် ရေချိုးလိုက်ပြီး ညအိပ်ဝတ်စုံလေးလဲကာ အိပ်ရာရင်တော့သည်။ သူ့လူကြီးကတော့ စာဖတ်ခန်းထဲက အလုပ်ပုံထဲနစ်နေလေရဲ့။

သူအိပ်ဖို့ပြင်နေတုံး ဆဲဗင်းရာက်လာကာ အရေးကြီးတယ်ဆိုပြီး vd တစ်ကိုပြလေသည်။ ထို vd ကတော့ အခန်းတစ်ခုထဲမှာလုံးထွေးနေတဲ့ ခန္ဓာကိုယ်နှစ်ခုကို ရှင်းရှင်းလင်းလင်း ကြည်လင်ပြတ်သွားစွာ ရိုက်ထားတာဖြစ်ပြီး vd ထဲပါ လူတွေကတော့ မူလကိုယ်ရဲ့သူငယ်ချင်း rain နင့် ဘဲတစ်ပွေတို့ပင်။

ဗီလိန်အားကယ်တင်ခြင်း  ( System  )Where stories live. Discover now