System space

587 37 7
                                    

Unicode

[ ပြန်လည်ကြိုဆိုပါတယ် host ]

' အွင်း '

[ Mission တွေ ( ဇာတ်လိုက်နဲ့ဗီလိန်အရင်လိုပြေလည်စေရန် , ဇာတ်လိုက်မကိုအချစ်သစ်ရှာပေးရန် , မူလကိုယ်မသေစေရန် , မူလကိုယ်ရဲ့ ဆန္ဒအရချစ်တဲ့သူနဲ့ ပျော်ရှွင်ဖွယ်မိသားစုလေးထူထောင်ရန်  ) အောင်မြင်လို့ ဂုဏ်ယူပါတယ် ]

' အွင်း '

[ host ပြောစရာရှိပါတယ် နောက်ကမ္ဘာမှာ ပိုင်ပိုင်လေးမလိုက်နိုင်ဘူး ]

' ဟမ် ဘာလို့ '

[ အထက်က အစည်းအဝေးခေါ်လို့ အဲ့တာကြောင့် ပိုင်ပိုင့်အစား host ကိုကူညီမဲ့ မှင်စာတစ်ယောက်ထည့်ပေးလိုက်မယ် ]

' ဟုတ်ပါပြီ အစည်းအဝေးကကြာမှာလား '

[ ကြာတယ်ပဲဆိုပါတော့ ]

' မြန်မြန်ပြန်လာနော် '

[ ဟုတ်ပါပြီ host ရေ သွားပြီနော် အကူမှင်စာလေးကိုလွတ်လိုက်မယ် ]

' အင်း '

ထို့နောက် ပိုင်ပိုင်လဲ system space မှပျောက်ကွယ်သွားတော့သည်။ ပိုင်ပိုင်ထွက်သွားပြီး ခဏအကြာမှာပဲ

[ မင်္ဂလာပါ host ကျွန်တော်က system 07 အစား တာဝန်ထမ်းဆောင်မဲ့သူပါ ]

' အင်း မင်းကိုဘယ်လိုခေါ်ရမလဲ '

[ 07 ကတော့ ကျွန်တော့်ကို ဆဲဗင်း(7) လို့ခေါ်ပါတယ် host ကတော့ အဆင်ပြေသလိုခေါ်လို့ရပါတယ် ]

' အင်း ပိုင်ပိုင်ခေါ်သလိုပဲ ဆဲဗင်းပေါ့ '

[ ဟုတ် ကိုယ်ရေးအကျဥ်းပြပါမယ် ]

ထူးခန့်ပိုင်နဲ့ system အသစ်လေးတို့ မိတ်ဆက်ပြီးနောက် ဆဲဗင်းကပဲ ဦးဆောင်ကာ ပြောလိုက်သည်။ ထူးခန့်ပိုင်လဲ ထုံးစံအတိုင်း သူ့ရှေ့က TV အပြားကြီးကိုကြည့်လိုက်တော့သည်။

အမည် - ထူးခန့်ပိုင်
အသက် - ၂၀
လိင်-ကျား
လိင်စိတ်တိမ်းညွှတ်မှု - 100%gay
တက်မြောက်ပညာ - မှတ်ဥာဏ်ပညာ, အထက်လမ်းပညာ,အတိုက်အခိုက်ပညာ, Hacking, 
ပြီးမြောက်ကမ္ဘာ - 3
Mission point- 2840
Side mission point - 1000
သိုလှောင်ပစ္စည်း - အသက်ကယ်ဆေးဘူး

ထူးခန့်ပိုင်သူ့ရှေ့က ကိုယ်ရေးအကျဥ်းကိုကြည့်ပြီး မျက်လုံးပြူးသွားသည်။

ဗီလိန်အားကယ်တင်ခြင်း  ( System  )Where stories live. Discover now