System space

346 20 4
                                    

Unicode

[ Host ]

System space ရောက်တော့ သူ့ကိုခေါ်ပြီး ရင်ခွင်ထဲတိုးဝင်လာတံ့ အကောင်ပေါက်ကြောင့် လူကယိုင်ချင်သလိုတောင်ဖြစ်သွားလေသည်။

' ပိုင်ပိုင် !'

[ host ကိုလွမ်းနေတာ]

' ငါလဲမင်းကို လွမ်းပါတယ်ကွာ '

[ host အခုဆိုရင်လေ host နဲ့အတူ ကမ္ဘာတွေထဲလိုက်ပြီး မွှေလို့ရပြီသိလား] ဆိုကာ သူ့ရဲ့ host ကကိုအားရပါးရပြောပြနေတဲ့ပိုင်ပိုင်ပါလေ

' အဟိကောင်းတာပေါ့ကွာ ဒါနဲ့ ဆဲဗင်းရော '

[သွားပြီလေ သူ့မှာတာဝန်ရှိသေးတယ်]

' ဪ '

[ဘာလဲ host က သူ့ကိုမခွဲနိုင်လို့လား ]

' မဟုတ်ပါဘူး မတွေ့လို့မေးကြည့်ရုံပါမင်းကလဲ '

[ ဟီး ပြီးတာပဲ မေ့တော့မလို့ Mission တွေအကုန်ပြီးမြောက်လို့ ဂုဏ်ယူပါတယ် ]

'အင်း မင်းပြန်လာပေးလို့ကျေးဇူးပဲ'

[ ဆဲဗင်းနဲ့ အဆင်မပြေလို့လား host ]

' ပြေပါတယ် ဒါပေမဲ့ မင်းနဲ့တော့ဘယ်တူမလဲ '

[ ဟီး ကိုယ်ရေးအကျဥ်းပြပါမယ် host ]

အမည် - ထူးခန့်ပိုင်
အသက် - ၂၀
လိင် - ကျား
လိင်စိတ်တိမ်းညွှတ်မှု - 100% gay
တက်မြှောက်ပညာ - မှတ်ဥာဏ်ပညာ,အထက်လမ်းပညာ,အတိုက်အခိုက်ပညာ, Hacking, သရုပ်ဆောင်ပညာ
ပြီးမြောက်ကမ္ဘာ - 4
Mission point - 3500
Side Mission point - 1000

ဇယားကြည့်ပြီးနောက် ထူးခန့်ပိုင်က
' Side Mission point ကတိုးတက်မလာသလိုပဲ '

[ host မှ side Mission မလုပ်ရတာ ]

' နေ့တိုင်း Mission လုပ်နေရတာလေ '

[ အဲ့တာက Daily လေမတူဘူး ]

' ထားပါတော့ အခုငါကဘာသင်ရမှာလဲ '

[ ဘာသင်ရမှာလဲဆိုတော့ .... အပစ်အခတ်ပါ ]

' ဒါလေးပြောဖို့ကို အချိန်ဆွဲနေတယ် သွားမယ် '

[ ဟုတ်ကဲ့ ]

ပိုင်ပိုင့်ကိုကြိမ်းမောင်းပြီးနောက် သူလဲတံခါးကြီးတစ်ခုထဲဝင်သွားတော့သည်။

ဗီလိန်အားကယ်တင်ခြင်း  ( System  )Where stories live. Discover now