Arc 5.5

365 25 3
                                    

Unicode

ဇာတ်လိုက်အား မျက်တောင်မခတ်ငမ်းနေတဲ့ ဇာတ်လိုက်မကိုကြည်ရကာ နှိုင်းခေါင်းယမ်းလိုက်သည်။ ကွေးနေတာကိုဖြောင့်အောင်ပြန်လုပ်လို့ရမတဲ့လား ဟွန့်။

[ host ကိုဘယ်သူကပြောလဲ ဇာတ်လိုက်ကကွေးနေတာလို့ ]

' ငါပြောတာလေ ဇာတ်လိုက်ကကွေးနေတာအသိသာကြီး '

[ မကွေးပါဘူးဆို ]

' မကွေးရင် မူလကိုယ်ကိုဘာလို့ကြိုက်မှာလဲ '

[ အဲ့တာက မူလကိုယ်နဲ့လေ အခုက  host လေ မတူဘူး mission ကိုလဲသတိရပါဦး ဇာတ်လိုက်ကိုမြူဆွယ်ရမှာနော် ]

' ကြက်သီးထစရာကြီး မြူဆွယ်တာမဟုတ်ပါဘူး ဇာတ်လိုက်ဆီက စိတ်ဝင်စားမှုရအောင် လုပ်ရမှာ '

[ တူတူပဲလေ ]

' ထားလိုက်တော့ ငါ့ကို ဘားတန်းလေးပြပါဦး '

[ ဟွန်း ဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုဘားတန်း 40%  ပါ ]

' ဝါး ဘာမှမလုပ်ရပဲ 10% တိုးလာတယ်ကြည််စမ်း '

[ ဘာကိုဘာမှမလုပ်ရမှာလဲ အခန်းထဲမှာ မွမွပေးပြီး host ကို မာကင်ပေးထားတာ ဘာမှမလုပ်တာလား ]

' ဘာ ပိုင်ပိုင် ဘာပြောလိုက်တာ ငါမကြားလိုက်လို့ '

ပိုင်ပိုင်တစ်ယောက် သူပြောတာကို မကြားချင်ယောင်ဆောင်နေတဲ့ host ကိုကြည််မရတော့တာကြောင့်

[ ကျွန်တော် စင်ပေါ်က မိုက်နဲ့ပြောပေးရမလား ]

' ရတယ် မလိုပါဘူး အခု နားကောင်းသွားပြီ စောနက နားပိတ်နေလို့ '

[ မြူဆွယ်တုံးက မြူဆွယ်ပြီး အခုမှလာရှကာနေသေးတယ် အံ့သြဘ ]

' ငါမြူဆွယ်တာမဟုတ်ပါဘူး သူ့ဘာသာသူလာနမ်းတာ '

[ အဲ့တာက host ]

' တော်ပါတော့ ပိုင်ပိုင်ရယ် ရှစ်ကြီးခိုးပါရဲ့ အဲ့ကိစ္စထပ်မပြောပါနဲ့တော့ကွာ '

[ အမလေးဟယ် အရင်ကမ္ဘာတွေတုံးက မိုးမမြင်လေမမြင် ကဲခဲ့တာသူမဟုတ်တဲ့အတိုင်း ]

' ပိုင်ပိုင်! '

[ ဟီး သိုလှောင်ပစ္စည်း အသစ်ပွင့်နေပြီတဲ့ စစ်ကြည့်လိုက်ဦးမယ် ]

ဗီလိန်အားကယ်တင်ခြင်း  ( System  )Where stories live. Discover now