Arc 3.1

966 45 8
                                    

Unicode

' အာ့နာလိုက်တာ '

ကမ္ဘာတစ်ခုပြီးလို့နောက်ကမ္ဘာကို ကူးပြောင်းတိုင်း နာကျင်မှုကသိသိသာသာတိုးလာသည်။ နာကျင်မှုသက်သာရန်ခဏလောက် ငြိမ်နေလိုက်ပြီး သူရောက်နေတဲ့နေရာကိုကြည့်လိဘက်တော့

' WTF ပိုင်ပိုင်'

[ ပိုင်ပိုင် ဘာမှမသိပါဘူး host  ]

' ငလူးပဲ တော်ရုံဆိုမပြောဘူး အခုဟာက အားးးး ငါက ငါက သူတောင်းစားတဲ့လား '

[ သူတောင်းစားတော့မဟုတ်ပါဘူး host ရယ် သူ့မှာအိမ်ရှိပါတယ် နည်းနည်း အန္တရယ်များလို့ သူတောင်းစားဟန်ဆောင်နေတာ ]

' ပြော သူ့အိမ်ကဘယ်မှာလဲ '

[ .......... မှာပါ  host ဇာတ်ကြောင်းပို့ပေးလိုက်ပါပြီ ]

' ဘာ လမ်းမကြီးမှာ ငါကဇာတ်ကြောင်းဖတ်ရမှာလား '

[ လမ်းလျှောက်ရင်းဖတ်ပေါ့ host ရယ် ပိုင်ပိုင်လမ်းကြည့်ပေးထားပါမယ် ]

ထူးခန့်ပိုင် ဆက်ငြင်းမနေတော့ပဲ ဇာတ်ကြောင်းကိုဖတ်ရသည်။

သူရောက်နေတဲ့ကမ္ဘာကတော့ ဘယ်နေ့သေမယ်မသိ ရန်သူကလဲများ အငြိုးတွေကလဲကြီး ကလဲ့စားကလဲချေလို့မပြီးနိုင်တဲ့ mafia ကမ္ဘာပင်။ ဇာတ်လိုက်က ခွန်း(K ဂိုဏ်း ရဲ့ ဂိုဏ်းဆောင် ) ဇာတ်လိုက်မကတော့ သွဲ့ သူမက ချစ်စရာကောင်းပြီး ဘာလုပ်လုပ်တလွဲလုပ်တဲ့ အမွှေစိန် ပြီးတော့ သူမက fujoshi တစ်ယောက်ပင်။ ဗီလိန်ကတော့ မော်ဂန် Killer တစ်ယောက်ဖြစ်ပြီး  ငွေရရင် ဘာမဆိုလုပ်တဲ့သူ။ ကဲ ဇာတ်လမ်းလေးစကြတာပေါ့။

ခွန်းနဲ့မော်ဂန်က ငယ်ချစ်ဦးတွေ တစ်နေ့မှာတော့ မော်ဂန်က ခွန်းကိုသွဲ့နဲ့အထင်လွဲသွားသည်။ ခွန်းကရှင်းပြချင်သော်လဲ အတွေ့ပင်မခံ နောက်တော့ မော်ဂန်က ကနေဒါကိုထွက်သွားလေသည်။ ထိုအချိန်မှစ၍ ခွန်းနဲ့မော်ဂန်ကဝေးသွားခဲ့ကြသည်။  မော်ဂန်ထွက်သွားပြီး တစ်နှစ်အကြာတွင်တော့ ခွန်းကသူ့အဖေအမွေကိုဆက်ခံခဲ့သည်။ Company ကိုလဲဆက်ခံခဲ့တဲ့အပြင် K ဂိုဏ်းမှာလဲ ထူးချွန်တဲ့ခေါင်းဆောင်ဖြစ်လာခဲ့သည်။ သူဒီလိုကြိုးစားနေရတာလဲ တစ်ယောက်သောသူ မော်ဂန်ကြောင့်ပင်။  မော်ဂန်ကတော့ ကြေးစားတစ်ယောက်ဖြစ်လာခဲ့သည်။ ခွန်းက မော်ဂန်ကိုချစ်တာကြောင့် မော်ဂန်နဲ့နီးစပ်ဖို့ မော်ဂန့်အလုပ်ကိုအမျိုးမျိုးနှောက်ယှက်သည်။ အရာအားလုံးသူ့ဟာနဲ့သူ အဆင်ပြေနေပေမဲ့ မော်ဂန့်ညီမ မော်ဂျူးကတော့ အဆင်မပြေပေ။ မော်ဂျူး ( M ဂိုဏ်းခေါင်းဆောင်တစ်ယောက်) သူမရဲ့အကို မော်ဂန်က ဂိုဏ်းကိုမဆက်ခံပေမဲ့ Company ကိုတော့ဆက်ခံခဲ့ပြီး Killer အလုပ်ကိုလဲစွဲမက်စွာလုပ်သည်။ မော်ဂန်ကငွေမက်တာတော့မဟုတ်ပေမဲ့ လူသတ်ရတာကိုကြိုက်တာကြောင့်ပင်။ သူသတ်ပေးရတဲ့သူက ဘယ်လောက်တန်လဲသိချင်သည်။ ဒါကြောငာ့သူဟာကြေးစားလုံးလုံးဖြစ်လာခဲ့သည်။

ဗီလိန်အားကယ်တင်ခြင်း  ( System  )Where stories live. Discover now