Arc 3.9

652 53 9
                                    

Unicode

ခမ်းနားကြီးကျယ်လှပြီး တိတ်ဆိတ်ခြောက်ကပ်နေပြီး အမဲရောင်ဆေးခြယ်ထားတဲ့အိမ်ကြီးတစ်လုံး ထိုအိမ်ကိုတော့လူအများက မရဏ စံအိမ်ဟုခေါ်ကြသည်။ ထိုအိမ်ရဲ့ပိုင်ရှင်ကိုတော့ တစ်ခါတစ်ရံသာတွေ့ရတက်ပြီး ထိုလူဟာလဲ ရက်စက်ကြမ်းကြုတ်တယ်ဟု လူအများကသိထားကြသည်။

ထိုစံအိမ်အတွင်း အခန်းပေါင်းများစွာရှိသည့်အနက်မှ ဝင်ရန်တားမြစ်ထားသော အခန်းတစ်ခန်းရှိသည်။ ထိုအခန်းကတော့ စည်းကမ်းတင်းကြပ်ပါတယ် ရက်စက်ကြမ်းကြုတ်လှပါတယ်ဆိုတဲ့ မရဏစံအိမ် အိမ်ကြီးသခင်ရဲ့ အလုပ်ခန်းပင်။ ထိုအခန်းထဲတွင် အနက်ရောင်ကျွန်းစားပွဲပေါ်မှာ ဖိုင်ပေါင်းများစွာနေရာယူထားပြီး ဆုံလည်ထိုင်ခုံတွင်ထိုင်နေတဲ့လူငယ်ကတော့ ထိုဖိုင်တွေကိုစိတ်ဝင်စားမအားသေးပဲ တစ်စုံတစ်ခုကိုတွေးနေဟန်...။ ထိုလူငယ်ကတော့ မရဏစံအိမ်ရဲ့အိမ်ကြီးသခင် စက် ။

တိတ်ဆိတ်ခြင်းတွေကြီးစိုးနေတဲ့ စက်ရဲ့အလုပ်ခန်းထဲသို့ ခြေသံလုံလုံဖြင့် သတိကြီးစွာဝင်လာသူကတော့ စက်ရဲ့လူယုံတော်ပင်။ သူက စက်အား ဖိုင်တစ်ခုပေးလိုက်ပြီး

" Boss စုံစမ်းခိုင်းတဲ့ ကောင်လေးအကြောင်းသိရပါပြီ ဒါက သူ့ရဲ့အချက်အလက်တွေပါ "

စက် ထိုဖိုင်ကိုယူကာ ဖွင့်ကြည့်လိုက်တော့ လူငယ်လေးတစ်ယောက်ရဲ့ပုံထွက်လာသည်။ ထိုလူငယ်က စက်ရဲ့နှလုဲးသာ လှုတ်ခတ်သွားအောင် ပြုလုပ်ခဲ့သူ စက်တစ်ယောက် သူ့မျက်စိရှေ့မှာမြင်နေတဲ့ ကောင်လေးရဲ့ပုံကိုသာအာရုံစိုက်နိုင်ပြီး ကျန်တဲ့ကောင်လေးရဲ့အချက်လက်တွေကိုတော့ ဖတ်ဖို့မေ့လျော့နေခဲ့သည်။

" နောက်ဆုံးတော့ ရှာတွေ့ပြီ "

" သူ့နာမည်က ကျေးမူ အသက်ကတော့ ၂၀ ပါ နည်းပညာတက္ကသိုလ်က ဒုတိယနှစ်ကျောင်းသ်းပါ သူ့မှာသူငယ်ချင်းနင်္စ်ယောက်လဲရှိပြီး..." 

စက် သူ့ရဲ့လူယုံကို လက်ကာပြလိုက်ပြီး အလိုမကျဟန်ဖြင့် မျက်မှောင်ကြုံကာ

" အဓိက အကြောင်းရာကိုပြော "

" ဟုတ်ကဲ့ Boss သူ့မှာရည်းစားမရှိပါဘူး2ပြီးတော့ တွဲ့ခဲ့ဘူးတဲ့လူလဲမရှိပါဘူး လူပျိုကိုမှ ယင်ဖိုမပြောနဲ့ ယင်မတောင်မသန်းဖူးဘူး ကျောင်းတက်နေတယ်ဆိုပေမဲ့  သူကအရမ်းတော်တဲ့ hacker တစ်ယောက်လို့လဲသိရပါတယ် ပြီးတော့ ဟို... "

ဗီလိန်အားကယ်တင်ခြင်း  ( System  )Where stories live. Discover now