Arc 2.2

952 70 15
                                    

Unicode

( ထူးခန့်ပိုင်ကို မဟူရာ လို့ပဲ သုံးပါတော့မယ်နော် )

မဟူရာတစ်ယောက် အတွေးတွေရပ်ကာ သူ၏အခန်းတွင်း လှည့်ပတ်ကြ
ည််နေသည်။ မူလကိုယ်က အလွန်သက်ရပ်သည်ဆိုရမည် အခန်းတွင်းပစ္စည်းတွေက နေရာတကျရှိသည်။ အခန်းထဲဝင်ကြည့်လိုက်တာနှင့် မျက်လုံးအေးစေသည်။ အခန်းရှေ့တွင် သီးပင်စားပင်အချို့နှင့်  အမျိုးအစားမတူတဲ့ ပန်းခင်းများစွာရှိသည်။ ထိုဥယျာဥ်ငယ်ကြားထဲတွင် အမိုးပါပြီးအကာမပါတဲ့ အိမ်ငယ်တစ်လုံး ထိုအိမ်ထဲတွင် ကျွန်းစားပွဲလေးတစ်ခုနှင့် ကျွန်းထိုင်ခုံနှစ်ခုကနေရာယူထားသည်။

မဟူရာလှည့်ပတ်ကြည့်ရင်း ပိုင်ပိုင်ထံမှအသိပေးချက်ဝင်လာသည်။ ဒီနေ့ ဇာတ်လိုက်နဲ့ ဗီလိန်တို့ စတွေ့မယ်တဲ့။ ဇာတ်ကြောင်းအရ သူတို့နှစ်ယောက်တွေ့ပြီးမကြာခင်ပင် ဘုရင်က ပယင်းကိုအကြောင်းပြချက်မရှိပဲ တော်ကောက်လိုက်တာဖြစ်သည်။ ဒါကြောင့် မဟူရာလဲ အလျင်အမြန်အဝတ်လဲကာ အကိုတော်ပယင်းဆီသို့ ထွက်လာခဲ့သည်။

လောလောနှင့် ထွက်လာမိသည့် သူ့ပုံစံက အဖြူရောင်အင်္ကျီကိုဝတ်ဆင်ထားပြီး အနက်ရောင်ချိတ်ပါတဲ့ လုံချည်(ပုဆိုး) ကိုတွဲဝတ်မိလျက်ပင်။

မဟူရာ ပယင်းဆီရောက်တော့ ပယင်းက သနပ်ခါးရောင်အင်္ကျီနှင့် သနပ်ခါးရောင်လုံချည် (ပုဆိုး) ကိုလိုက်ဖတ်စွာဝတ်ထားသည်။ ပယင်းက သူ့ကိုမြင်တော့ အံ့ဩသလိုရှိကာ
" ညီတော် ဖရိုဖရဲနှင့်ပါလား ဘယ်အရေးကိစ္သကြောင့် သို့လောသို့လောနှင့် အကိုတော်ဆီအပြေးနှင်လာရပါသလဲ "

' အဲ့တာမှ ဂွကျပြီ ပိုင်ပိုင်ရေ ငါသူတို့လိုမပြောတက်ဘူးဟ '

[ ဒါမှန်းသိ စကားအလိမ္မာသင်တန်း တက်ခိုင်းလိုက်ပါတယ် မီးစဦ်ကြည််ပြီးတော့သာ ပြောပေတော့ အသစ်အဆန်းဖြစ်တာပေါ့ ]

" အဟမ်း ညီတော်က အကိုတော်နှင့် မြို့ထဲလှည့်ပတ်ချင်တာမလို့ အလောတကြီး ထွက်လာမိတာပါ "

" အို အကိုတော် နားကြားများမှားလေရော့လား ထားပါလေ ရှားရှားပါးပါး ညီငယ်နှင့် လျှောက်လည်ခွင့်ရပေလို့ အကိုတော်ကကျေနပ်မိပါရဲ့ လာညီတော် သွားကြရအောင် "

ဗီလိန်အားကယ်တင်ခြင်း  ( System  )Where stories live. Discover now