P.1 ( 23/ March )

15.4K 283 12
                                    

My lover become my brother's wife
Part - 1

မောင်သတိုးရှိန်း + မချစ်ဝတ်လွှာ

မင်္ဂလာဖိတ်စာကို စူးစိုက်ကြည့်နေရင်း လွှာ့နှုတ်ခမ်းတွေ ပြုံးနေ၏။ ဖိတ်စာကိုကြည့်ပါဦး....တလက်လက်တွေထနေလိုက်တာ...။ ခမ်းနားထည်ဝါမှုလောက် ကြီးမြတ်သောအရာက ရှိပါဦးမလား။

" လွှာ့ နင် ကိန်း ကို......"

" ငါတို့ ဇာတ်လမ်းပြီးပြီ......."

နု၏ မေးခွန်းမဆုံးခင် အဖြေပေးလာသည့် လွှာ။ နုက မျက်ခုံးပင့်သွားရင်းမှ.....

" နင် ကိန်း ကို ချစ်တယ်ဆို....."

လွှာ့နှုတ်ခမ်းတွေက ​လျှို့ဝှက်စွာ ပြုံးလိုက်ရင်းမှ....

" ချစ်တာနဲ့ လက်ထပ်တာက ခြားနားတယ်လေ.....ကိန်းကို ငါချစ်တယ်။ ဒါပေမယ့် သူ့ပုံစံက ငါစိတ်ကူးထားတဲ့ အိမ်ထောင်ဦးစီးမျိုး မဟုတ်ဘူး။ "

" ခင်ဗျား စိတ်ကူးထားတဲ့ အိမ်ထောင်ဦးစီးမျိုးက ဘယ်လိုမျိုးလဲ ပြောစမ်းပါဦး... ..။"

သြရှရှအသံနဲ့အတူ ဘယ်အချိန်က ရောက်လာမှန်းမသိသည့် ကိန်း။ မျက်ဝန်းတွေက နီရဲနေသလို ငိုထားမှန်း သိသာနေသည်။ နု အလန့်တကြားလေး လွှာ့ကိုလှမ်းကြည့်မိပေမယ့် လွှာက မတုန်မလှုပ် ခပ်အေးအေးလေးသာ ရှိနေသည်။

ကိန်း၏ အကြည့်က စားပွဲပေါ်မှ ဖိတ်စာကို လှမ်းမြင်တော့  မီးဝင်းဝင်းတောက်နေသည့် မျက်ဝန်းတွေဖြင့် လွှာ့ကို ငဲ့ကြည့်သည်။

" ထားချင်တိုင်းထားခဲ့ရအောင် ကျုပ်က မလွယ်ဘူး ချစ်ဝတ်လွှာ။ ပြစမ်း.... ဘယ်ကောင်လဲ။ "

စားပွဲပေါ်မှ ဖိတ်စာကို ဆွဲယူလိုက်ပေမယ့် လွှာကသူ့ထက်အရင်ယူလိုက်ရင်း သူမစလင်းဘတ်လေးထဲ ထည့်လိုက်တာကို သူမျက်တောင်မခတ်ကြည့်မိသည်။ သူမက အရမ်းကို အေးဆေးစွာ ရှိလွန်းနေသည်။ သူရူးမတတ်ဖြစ်နေပေမယ့် သူမက ဘာမှမခံစားရသလိုပင်။

" အေးအေးဆေးဆေးနေပါ မောင်ရယ်......ပြဿနာမရှာချင်စမ်းပါနဲ့။ ဘယ်သူလဲသိရင် မောင် ဘာတွေလုပ်မလဲ လွှာသိနေတယ်။"

ကိန်း အံကိုတင်းခနဲ ကြိတ်မိသည်။ အရင်ကဆို သူမ စကားတစ်ခွန်းမှာတင် သိပ်သွေးဆိုးတဲ့ဟာရီကိန်းဆိုတဲ့ကောင် ငြိမ်နေခဲ့ပေးဖူးပါသည်။ ဒါပေမယ့် ခု သူငြိမ်နေလိုက်ရင် ချစ်ရသူကို ဆုံးရှုံးရမည့်အရေးပင်။ သူ လွှာ့ကို စောက်ရမ်းချစ်သည်။ အသဲနှလုံးတစ်ခုလုံးပေါက်ထွက်မတတ်ကို ချစ်မြတ်နိုးခဲ့တာပင်။

My lover become my brother's wife 🔞Where stories live. Discover now