P- 5

7.1K 195 8
                                    

💗 My lover become my brother's wife 💗
Part - 5

မနက်ဖန်ဆို မင်္ဂလာပွဲမို့ လွှာ ဒီည ဘယ်လိုမှအိပ်မပျော်နိုင်ပဲ ဖြစ်နေသည်။ ဦးဗတ်တီစင်....ခုတော့ ကိုယ့်ယောက္ခထီးဖြစ်လာပြီပေါ့။ မျက်စိထဲပြန်မြင်လာသည့် မြင်ကွင်းတွေကြောင့် လွှာ မျက်ဝန်းတွေကို တင်းတင်းစေ့ပိတ်ပစ်သည်။ လွှာတစ်ခုချင်းစီ ရှင်ပိုင်ဆိုင်သမျှ ပြန်ရယူမှာ။

တွီ!

Message ဝင်သံကြောင့် အိပ်ယာနားရှိဖုန်းကို လက်ဖြင့်ဆွဲယူကာ ကြည့်မိတော့ လူက အိပ်နေရာမှ ငေါက်ခနဲထထိုင်သွားရသည်။

! ဓာတ်ပုံတွေ သတိုးရှိန်းဆီ ပို့မလို့ အိမ်ရှေ့ရောက်နေတာ.....အတူဝင်ကြမလား။!

လွှာ ခုတင်ထက်ကဝုန်းခနဲခုန်ထကာ အဝတ်အစားပင်မလဲနိုင်ပဲ ညဝတ်ဂါဝန်ကြီးနှင့်ပင် တိုက်ခန်းထဲမှပြေးထွက်ကာ ဓာတ်လှေကားထဲဝင်လာခဲ့သည်။ ဓာတ်လှေကားထဲမှ ထွက်တာနဲ့ ကားပေါ်တက်ကာ ဦးတည်ရာက ရှိန်းရဲ့အိမ်ဆီသို့......။

20 min later......

ကားမီးရောင်ကြောင့် ဒိုက် လက်တစ်ဖက်ဖြင့် ကာလိုက်မိသလို ကားပေါ်မှ ဆင်းလာသည့် ချစ်ဝတ်လွှာက သူ့ကိုမြင်ပြီး တအံ့တသြ ။

" နင်......နင် ဒိုက်...."

ဒိုက် မဲ့ပြုံးပြုံးမိ၏။

" ဟုတ်တယ်.....နင့်သူငယ်ချင်းအရင်းကြီးပါဗျာ......နယ်စပ်မှာ နင် သေပါစေဆိုပြီး ပစ်ထားခဲ့တဲ့ကောင်လေ မှတ်မိလား......"

လွှာ့ နှုတ်ခမ်းတွေ တင်းတင်းစေ့သွားရင်းမှ ဒေါသတကြီးလျှောက်လာကာ ဒိုက်၏ပါးကိုဖြောင်းခနဲရိုက်ချပစ်သည်။

" နှမပေးကတော့......ဘာစောက်ရူးထပြီး ငါ့ကိုဒီပုံတွေလာပို့နေတာလဲ.....သေချင်လို့လား။ "

ဒိုက်၏ မျက်နှာကတင်းမာသွားသလို လွှာ့အားမခိုးမခန့်ပြန်ကြည့်လာ၏။

" ချစ်ဝတ်လွှာ..... နင် ငါ့ဒေါသကိုလာမစွနဲ့နော်။ ကိုယ်လွတ်ရုန်းပြီးထွက်ပြေးသွားတာ ဘယ်သူလဲ။ သူငယ်ချင်းကို သေတွင်းထဲထားခဲ့ပြီး နင်ကဒီမှာ သာယာနေတာလေ။ "

လွှာ အိမ်ဘက်ကိုတစ်ချက်ကြည့်လိုက်ရင်းမှ.....

" တစ်နေရာရာသွားပြောရအောင်။ "

My lover become my brother's wife 🔞Where stories live. Discover now