P-8

2.3K 87 4
                                    

My Lover become my brother’s wife
Part – 8

ကိန်း ဖုန်းကို တောက်လျှောက်ဆက်နေပေမယ့် လုံးဝ မကိုင်သည့် လွှာကြောင့် ကျစ်ခနဲ စုပ်သပ်လိုက်မိသည်။ သူ လွှာ့ကို ချစ်သည်။ ချစ်တာမှ ရူးရူးမူးမူးကို ချစ်လွန်း၍ ဒီလောက်ထိ ရင်းခဲ့တာပင်။ သူက အပူတပြင်းဖုန်းဆက်နေသည့် အချိန်တွင် လွှာကတော့ အစ်ကိုနှင့်အတူရှိပြီး ပျော်ရွှင်နေမလား တွေးမိပြီး စိတ်ကတိုလာ၏။ 

အဆက်မပြတ်မြည်နေသည့် ဖုန်းကြောင့် လွှာ မှတ်ထားသည့် နာမည်ကို သေချာစိုက်ကြည့်ရင်း မတုန်မလှုပ်လေး ရပ်နေမိသည်။ ရေချိုးခန်းထဲမှ ရေပန်းပိတ်သံကြောင့် ဖုန်းအသံကို ပိတ်ချလိုက်သည်။ တဘက်လေးဆွဲယူကာ ရေချိုးခန်းအဝဆီလျှောက်လာခဲ့ရင်း အထဲမှ ထွက်လာသည့် သတိုးရှိန်းကို မြင်တော့ ပြုံးပြရင်း တဘက်လေးဖြင့် အသာရင်ဘတ်ကျယ်တွေကို လိုက်သုတ်ပေးမိသည်။

“ ကို့ကို ကြည့်ရတာ တစ်ခါတစ်လေ အရမ်းပင်ပန်းတာပဲ။ အလုပ်လုပ်တာလဲ လုပ်တာပေါ့။ နားနားနေနေလဲ နေသင့်တယ် မဟုတ်ဘူးလား...ဟင်။ မဟုတ်ရင် ကျန်းမာရေးတွေ ထိခိုက်တော့မယ်။ “

လွှာ့စကားကြောင့် ရှိန်း ပြုံးလိုက်မိသလို လွှာ့ကိုယ်လေးကို ရင်ခွင်ထဲပွေ့ဖက်လိုက်ရင်း နဖူးလေးကို ငုံ့နမ်းလိုက်၏။

“ ကိုယ် ကျန်းမာရေးထိခိုက်ရင် ဆရာဝန်ဖြစ်တဲ့ ကိုယ့်မိန်းမက ဂရုစိုက်ပေးမှာပေါ့။ ကိုယ့်ကို လူနာတွေထက်တော့ ပိုကြင်နာမယ် မဟုတ်လား။ “

လွှာ သတိုးရှိန်း၏ နှုတ်ခမ်းတွေကို ဖိကပ်ကာ တစ်ချက်နမ်းလိုက်သည်။ အလှပဆုံး ပြုံးလိုက်ရင်းမှ...

“  ဘယ်သူနဲ့ယှဥ်ယှဥ်ပေါ့.....ကဲပါ....ဒီနေ့ လွှာ ကို စားချင်တဲ့ဟင်းတွေ ချက်ထားပေးတယ်။ သေချာစားရမယ်နော်။ ကိုက အပြင်မှာပဲ ဖြစ်သလိုစားနေတာ။ “
သတိုးရှိန်း ခေါင်းညိတ်ပြလိုက်သလို လွှာထုတ်ပေးသည့် အဝတ်အစားကို အသင့်ယူဝတ်လိုက်သည်။ လွှာက သူ့ဝေယျာဝစ္စကို များသောအားဖြင့် သူမကိုယ်တိုင် လုပ်ပေးသလို သေချာလဲ ဂရုစိုက်ပေး၏။

“ လွှာ့.....ကိုယ်တို့ ကလေးယူကြရအောင်။ “

လွှာ ဖျတ်ခနဲ သူ့ကို မော့ကြည့်လိုက်မိသည်။ သတိုးရှိန်း ကလေးမရနိုင်တာ လွှာသိပြီးသားမို့ ဘာတွေပြောနေသလဲ ထင်မိပေမယ့် တကယ်တမ်း မသိဟန်ဆောင်ထားရမှာမို့ ပြုံးလိုက်မိသည်။

My lover become my brother's wife 🔞Kde žijí příběhy. Začni objevovat