P-7

2.8K 96 2
                                    

My Lover become my brother’s wife
အပိုင်း ( ၇ )

‌ဒေါက်ဖိနပ်သံနဲ့အတူ အိမ်ထဲဝင်လာသည့် ခြေလှမ်းတွေကို သူ ထိုင်ရေတွက်နေရင်းမှ အနားရောက်လာသည့် ခပ်ပြင်းပြင်းရေမွှေးနံ့ကြောင့် သခင် စာအုပ်ကို ထိုင်ဖတ်နေရာမှ မော့ကြည့်စရာမလိုပဲ ဘယ်သူဆိုတာ သိနေသည်။ လွှာ.....သူ့ ညီမလေး ။

“ ရောက်လာပြီပဲ...။”

အေးစက်စက် ခရီးဦးကြိုပြုလာသည့် ကိုကြီးဆီမှ အသံကြောင့် လွှာ ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်ရင်းမှ စလင်းဘတ်ကို စားပွဲပေါ် တင်လိုက်သည်။

“ သတိုးရှိန်း ပြန်လာပြီ။ “
“ ဟာရီကိန်းကရော......။”

လွှာ လွန့်ခနဲ ပြုံးမိလိုက်သည်။

“ အဆင်ပြေတယ်။ “
“ ဟုတ်ပြီ.....နင် ကလေးယူလိုက်။ ဟာရီကိန်း နဲ့။ “

လွှာ ကိုကြီးကို ဖျတ်ခနဲ ကြည့်လိုက်မိရင်းမှ....

“ ရူးနေလား....။ သတိုးရှိန်း ကလေးမရနိုင်တာ သိရဲ့သားနဲ့။ တန်းသိသွားမှာပေါ့။ “

နေသခင် ညီမဖြစ်သူ မျက်ဝန်းကို စူးစိုက်ကြည့်မိသည်။ မျက်နှာလှလှလေးကို မေးဖျားမှ ဆွဲပင့်လိုက်ရင်း....

“ သိပါစေပေါ့.....အချိန်တန်‌ ပေးသိဖို့ လုပ်ထားတာ မဟုတ်လား။ နင့်အတွက်နဲ့ ဟာရီကိန်းက သူ့အစ်ကို ကို ပြန်သတ်မှာ မဟုတ်ဘူး။ အဲ့ကလေးကမှ ဓားပဲ။ လက်နက်ကို ဟာရီကိန်းဆီ ပေးလိုက်။ သူတို့ အချင်းချင်း သတ်တာကို ငါတို့က ဘေးကနေ ထိုင်ကြည့်ရုံပဲ။ “

လွှာ ဒီလောက် မတုံးပါ။ အရင်ချထားသည့် အစီအစဥ်ထဲ ကလေးယူတာ မပါဘူး မဟုတ်လား။ ပြီးတော့ စောသေးသည်။

“ ကလေးတော့ မယူနိုင်ဘူး။ မဖြစ်ဘူး။ ကလေးအမေ မလုပ်ချင်ဘူး။ “

မျက်နှာထားတင်းတင်းလေးဖြင့် အပြတ်ငြင်းလာသည့် ညီမဖြစ်သူကြောင့် နေသခင့်မျက်နှာက တည်တင်းသွားရသည်။ ဆတ်ခနဲ မတ်တတ်ထရပ်လိုက်ရင်းမှ လွှာ့လက်မောင်းကို ဆောင့်ဆွဲကာ ဧည့်ခန်းထဲမှ မိသားစုပုံရှေ့ ဆွဲခေါ်လာကာ ဓာတ်ပုံတွင့် မျက်နှာဆွဲကပ်ထားလိုက်သည်။

My lover become my brother's wife 🔞Where stories live. Discover now