💗 My lover become my brother's wife 💗

5.1K 117 10
                                    


Part - 7

သတိုးရှိန်း ဆေးရုံထဲမှ ထွက်လာသည့်လွှာ့ကိုမြင်လိုက်သည်နှင့် အသာလက်ဝှေ့ယမ်းပြလိုက်သလို နှုတ်ခမ်းတွေက ပြုံး​ယောင်သမ်းသွား၏။ ခရီးကပြန်ရောက်သည်နှင့် အိမ်မှာခဏနားပြီး လွှာဂျူတီဝင်နေတာ သိသဖြင့် လာကြိုခြင်းဖြစ်သည်။ သူ့ကိုမြင်တော့ အံ့သြသွားပုံရပေမယ့် ပြုံးပြုံးလေးအနားလျှောက်လာသဖြင့် အလိုက်သင့်ရင်ခွင်ထဲဆွဲထည့်ကာ ဖက်ထားလိုက်သည်။

" ကို ဘယ်တုန်းက ပြန်ရောက်တာလဲ။ "

" နေ့လည်ကပါ......မနက်ဖန်မှပြန်လာမလို့ပဲ။ ဘေဘီ့ကို လွမ်းလို့စောစောပြန်လာတာ။ "

လွှာ ရယ်လိုက်မိသလို ခေါင်းလေးခါယမ်းရင်း ကားထဲဝင်ထိုင်လိုက်သည်။ ကားစက်နှိုးနေသည့် သတိုးရှိန်း၏ ပခုံးပေါ်ခေါင်းလေးစောင်းတင်ရင်းမှ လက်မောင်းကိုဖမ်းကိုင်ကာ...

" လွှာက လွမ်းနေတာ......."

သတိုးရှိန်း ပြုံးမိသွားသလို လွှာ့နဖူးလေးကို ဖွဖွထုပစ်ရင်း.....

" အိမ်ရောက်မှတွေ့မယ်......"

ကိန်း ယူလာသည့်ပန်းစည်းလေးကို စားပွဲပေါ်တင်လိုက်ရင်းမှ မီးဖိုချောင်ထဲဝင်လာခဲ့၏။ သူ့တိုက်ခန်းထက် ဒီရက်ပိုင်းအိမ်မှာသာ လွှာ နဲ့အတူလာပြန်နေ၏။ ဖောက်ပြန်သည်....မဟုတ်ပါဘူး....သူနဲ့လွှာဟာ အရင်ထဲကချစ်သူတွေမဟုတ်လား။ အစ်ကိုကသာ ကြားကနေဝင်လာခြင်းပင်။ Steak ကို ပန်းကန်ထဲပြောင်းထည့်ရင်း ဝိုင်ပုလင်းကို သွားယူ၍ ဖောက်ရန်ပြင်နေစဥ် ကားသံကြားလိုက်ရသဖြင့် နှုတ်ခမ်းတို့က ပြုံးသွားရသည်။

သတိုးရှိန်း ညီ့ကားကိုမြင်လိုက်ရသဖြင့် ညီရောက်နေတာလားတွေးမိသွားသလို သူ့အတွေးမဆုံးခင်မှာပင် အိမ်ထဲကနေ ထွက်လာသည့်ညီ။ လက်တစ်ဖက်က ပန်းစည်းကြီးကိုင်ကာ သူ့ကိုမြင်တော့ အံ့အားသင့်သွားပုံရသည်။

" ညီ့.....ရောက်နေတာလား။ "

ကိန်း ပန်းစည်းကို ဖျစ်ညှစ်လိုက်မိသလို လွှာ့ကို ဖျတ်ခနဲလှမ်းကြည့်မိ၏။ မျက်နှာလွှဲလိုက်ရင်းမှ....

" ဟုတ်တယ်......"

" ပန်းစည်းကြီးနဲ့ပါလား....."

ကိန်း လက်ထဲမှပန်းစည်းကိုပြန်ကြည့်ရင်း နာနာကျင်ကျင်ပြုံးမိသွား၏။

My lover become my brother's wife 🔞Where stories live. Discover now