P.4(28/Mar)

7.7K 196 11
                                    

💗 My lover become my brother's wife 💗
Part - 4

ကင်မရာမီးရောင် တဖျတ်ဖျတ်တွေကြား မင်းသမီး၏ ခါးလေးကို လက်တစ်ဖက်ဖြင့် ပွေ့ဖက်၍ ရီဝေသောအကြည့်တွေဖြင့် ငေးစိုက်ကြည့်နေသည့် ကိန်း။ Photo Studio ထဲတွင်ရိုက်တာမို့ ကင်မရာသမားတွေနှင့် မဂ္ဂဇင်းကတာဝန်ရှိသူတွေ ၊ သူ့မန်နေဂျာ မင်းသမီး၏ မန်နေဂျာ ထိုမျှသာရှိသည်။ Outdoor ဆို Fan တွေအုံလာတတ်သလို တစ်ခါတစ်လေ ခပ်ကဲကဲမိန်းကလေးတွေနှင့်ဆို သူအတော်သီးခံရ၏။

" ဟုတ်ပြီ.....ကြည့်ထားမယ်။ နောက်တစ်မျိုးပြောင်းမယ်.....ဆည်းလည်းက ကိန်းလည်ပင်းကို သိုင်းဖက်လိုက်.....ကိန်း....ကိန်းက နမ်းမယ့်ပုံပြင်မယ်။ "

ကိန်း မင်းသမီးဆည်းလည်းသံ၏ နှုတ်ခမ်းနားတိုးကပ်လိုက်သလို ခါးကိုလဲ ပွေ့ဖက်ထားလိုက်သည်။

" မောင့်ကို လွှာက သိပ်ချစ်တော့ သိပ်သဝန်တိုတယ်.....သိလား။ "

ဖျတ်ခနဲကြားယောင်လာသည့် စကားသံတချို့ကြောင့် သူ့မျက်နှာက ထိန်းမရအောင် ပျက်ယွင်းသွားရသည်။ ကမန်းကတန်း လူချင်းခွာပစ်ရင်းမှ....

" ဆောရီး.....ဆောရီး.....ခဏလောက် Break ပေးပါ။ "

သူ့ကြောင့် ခဏ break လိုက်ရသလို သူ့ကိုကြည့်ပြီး ကိုသန့်က သက်ပြင်းချ၏။ လွှာနဲ့သူ့အကြောင်းကို အသိဆုံးလူ မဟုတ်လား။ ခုံတွင်ခဏထိုင်လိုက်ရင်းမှ ကျစ်ခနဲစုပ်သပ်မိသလို ရင်ထဲတင်းကြပ်စို့နင့်နေသည့် ခံစားချက်က နေ့တိုင်းခံစားနေရသည်။ မင်္ဂလာပွဲက သဘက်ခါမို့ နီးလာလေ သူခြေမကိုင်မိလက်မကိုင်မိဖြစ်လာလေပင်။

" ကိန်း မင်း ကားတင်ပြေးပါလား။ "

ကိုသန့် သူ့ကိုအကြံပေးဖူးပါသည်။

" ကျုပ်ကို မယူချင်ပါဘူး.... သူ့လင်ယောကျာ်းအဖြစ် အရည်အချင်းမရှိပါဘူးဆိုပြီး ငြင်းထားတဲ့မိန်းမကို ကျုပ်က ဘာကိစ္စအတင်းလက်ထပ်ရမှာလဲ။ "

မာနစိတ်ဖြင့် သူငြင်းခဲ့ပေမယ့် တကယ်တမ်း လွှာ့ဆေးရုံထိ သူရောက်သွားခဲ့သေးသည်။ အစ်ကိုနဲ့လွှာ့ကိုမြင်ပြီး သူ နောက်ဆုတ်ပြေးရပြန်သည်။ အလဲလဲအပြိုပြိုတွေ ဖြစ်ရပုံများ လူရယ်စရာတောင်ကောင်းနေသေးသည်။

My lover become my brother's wife 🔞Where stories live. Discover now