P-9

3.4K 94 8
                                    

My Lover become my brother’s wife
အပိုင်း ( 9 )

ရှိန်း အခန်းထဲဝင်လာရင်းမှ အပေါ်ကထပ်ဝတ်ထားသည့် ကုတ်အင်္ကျီကို ဆွဲချွတ်ကာ အိပ်ယာထက် ဒေါသတကြီး ပစ်ပေါက်လိုက်မိသည် ။ ဟာရီကိန်း...ဒီကောင် ရုတ်တရတ်ကြီး ဘာတွေထဖြစ်သည်လဲ။ အစတုန်းကတော့ ကျွန်တော်က ဒီအလုပ်တွေကို စိတ်မဝင်စားဘူး ...အစ်ကိုပဲ ဦးစီးပါဆိုပြီး ခုကျ ကုမ္ပဏီမှာ ပြန်ဝင်ပါမည်လုပ်နေသည်။ တကယ်ပဲ ဒီကောင့် ရည်ရွယ်ချက်က ဘာလဲ။

“ ကို...မျက်နှာလဲ မကောင်းပါလား။ စောနက ကိန်း နဲ့ ဧည့်ခန်းထဲမှာ စကား‌ပြောနေတာ တွေ့တယ်။ ညီအစ်ကိုနှစ်ယောက် စကားများကြတာလား။ “

ရှိန်း ခေါင်းကို ခါယမ်းပြလိုက်သလို လွှာ ယူပေးလာသည့် အအေးခွက်ကို မော့သောက်လိုက်မိတော့ ရင်ထဲအေးသွား၏။

“ မဟုတ်ပါဘူး....။ “

စိတ်တွေရှုပ်လာရလွန်းတာမို့ နက်ခ်တိုင်ကို ဆွဲလျော့ဖြည်ရင်း အိပ်ယာထက်ထိုင်ချလိုက်သည်မှာ စိတ်ပျက်လက်ပျက်ပင်။ လွှာက သူ့အနားလာရပ်ရင်း သူ့ဆံပင်တွေကို အသာထိုးဖွကာ ရင်ခွင်ထဲဖက်ထားပေးတာမို့ သူ သက်ပြင်းချလိုက်မိသည်။

“ ညီက ကုမ္ပဏီကိစ္စတွေမှာ ပြန်ဝင်ပါတော့မယ်တဲ့ ။ “

လွှာ ခေါင်းကို ဆတ်ခနဲ ညိတ်ပြလိုက်ရင်းမှ ...

“ အဲ့ဒါ မကောင်းဘူးလား ကိုရဲ့။ ဘာဖြစ်လို့လဲ။ ကိုတစ်ယောက်ထဲ ပင်ပန်းနေလို့ လွှာက စိတ်ပူနေတာ။ “
“ ဘယ်လိုလုပ် ကောင်းမှာလဲ ။ ဟာကွာ....လွှာ့ မင်း ဘာလို့ သေချာမတွေးရတာလဲ။ ကိုယ့်ဖက်မင်း မကြည့်ဘူးလား။ တစ်သက်လုံး ကိုယ်ပဲ ဒီအလုပ်တွေကို လုပ်လာခဲ့ရတာ။ ကိုယ်လုပ်ချင်ရာလုပ်ပြီး နေသာသလို နေခဲ့ပြီးမှ ခုကျ အသီးအပွင့်ချည်း ခူးစားချင်ရင် ကိုယ်ကရော ။ “

လွှာ သတိုးရှိန်းကို ငေးငေးလေး စိုက်ကြည့်မိသွားသည်။ သတိုးရှိန်းက ခုမှ ပြန်သတိဝင်သွားပုံရကာ....

“ ဆောရီး...ဆောရီး လွှာရယ်။ ကိုယ် အရမ်းစိတ်တွေရှုပ်နေလို့။ “

လွှာ သက်ပြင်းချမိသလို ခေါင်းလေးဆတ်ခနဲ ညိတ်ပြလိုက်သည်။ သတိုးရှိန်း၏ ပေါင်ပေါ်တက်ထိုင်လိုက်ရင်းမှ သူ့ကို ရင်ခွင်ထဲ အသာထွေးဖက်ထားလိုက်ရင်း ....

You've reached the end of published parts.

⏰ Last updated: Mar 26 ⏰

Add this story to your Library to get notified about new parts!

My lover become my brother's wife 🔞Where stories live. Discover now