P.6(15/may)

9K 181 23
                                    

💗 My lover become my brother's wife 💗
Part - 6

ဆေးရုံရောက်လာသည်နှင့် အိပ်ယာထက်ဖြူဖျော့နေသည့် ညီ့ကိုတွေ့လိုက်ရသလို ကိုသန့်က သူ့ကိုမြင်တော့ ထရပ်ရင်း အနားလျှောက်လာ၏။

" ဘယ်လိုဖြစ်တာလဲ... ညီက ဘယ်လိုဖြစ်ပြီး အိပ်ဆေးတွေအဲ့လောက်သောက်ရတာလဲ။ "

သတိုးရှိန်း၏ မေးခွန်းအား ချက်ချင်းပြန်မဖြေသေးပဲ ကိုသန့် သက်ပြင်းသာချမိသည်။ ချစ်ဝတ်လွှာကြောင့်ဆိုတာ ဘယ်လိုများပြောရပါ့မလဲ။

" ကို....."

အခန်းတံခါးဖွင့်သံနဲ့အတူ အခန်းထဲဝင်လာသည့် လွှာ။ ဂျူတီကုတ်ကိုဝတ်ထားရင်း ဆေးရုံခုတင်ထက်ရှိနေသည့် ညီ့ကို ငေးကြည့်လာ၏။

" လွှာ တာဝန်ကျဆရာဝန်မကြီးနဲ့လဲတွေ့ပြီးပါပြီ။ အသက်အန္တရာယ်မရှိတော့ပါဘူး......ဒီမှာ လွှာလဲရှိနေတာပဲဟာ....ကုမ္ပဏီသွားရင်သွားလေ။ "

သတိုးရှိန်း ညီဖြစ်သူ ဟာရီကိန်း၏ မျက်နှာကိုလှမ်းကြည့်လိုက်ရင်းမှ ကျစ်ခနဲစုပ်သပ်လိုက်မိသည်။

" ညီ သတိပြန်ရလာမှပဲ သွားတော့မယ်......လွှာ ဂျူတီချိန်းလိုက်တာလား။ "

" ဟုတ်တယ်......ကိန်းရှိတဲ့အလွှာကို လွှာတာဝန်ယူလိုက်တယ်။ "

" အင်းးးးဟင်းးးး"

ညီးညူရင်း ခပ်ဖြည်းဖြည်း လှုပ်လာသည့် ဟာရီကိန်းကြောင့် သုံးယောက်သားလှုပ်လှုပ်ရှားရှားဖြစ်သွားရသည်။ သတိုးရှိန်း ညီဖြစ်သူအနားတိုးကပ်သွားရင်းမှ....

" ညီ.....ညီ့ "

" မ...မသွားပါနဲ့....မောင့်ကို မထားခဲ့ပါနဲ့။ "

ဖြူဖျော့နေတဲ့နှုတ်ခမ်းအစုံကနေ ကယောင်ကတမ်း ရေရွတ်သံက ပီပီသသထွက်လာသလို ခေါင်းတယမ်းယမ်းဖြင့် အိမ်မက်ကလန့်နိုးလာသလို ဖျတ်ခနဲ မျက်ဝန်းအစုံပွင့်လာသည့် ကိန်းကြောင့် သတိုးရှိန်း ညီဖြစ်သူ ဒီလိုအ​ခြေအနေဖြစ်သွားခြင်းဟာ နှလုံးသားရေးရာကြောင့်လားဟု သင်္ကာမကင်းဖြစ်သွားရသည်။

" ညီ သတိရပြီလား......ဘယ်လိုနေသေးလဲ။ "

အဆက်မပြတ်မေးခွန်းတွေမေးလာည့် အစ်ကိုဖြစ်သူ၏ မျက်နှာကိုမြင်လိုက်ရသလို အစ်ကို့ဘေးရပ်နေသည့် သူ၏ ချစ်မြတ်နိုးရပါသော လွှာ။  အရောင်အသွေးကင်းမဲ့နေသည့် ကိန်း၏ ဖြူဖျော့ဖျော့နှုတ်ခမ်းတွေ မဆိုစလောက်ပြုံးယောင်သမ်းသွား၏။

My lover become my brother's wife 🔞Where stories live. Discover now