P.3(25/Mar)

8.6K 213 9
                                    

💗 My lover become my brother's wife 💗
Part - 3

အဆက်မပြတ်မြည်နေသည့် အိမ်တံခါးဘဲလ်တီးသံကြောင့် ပျာယာခတ်နေသည့် လွှာ့ပုံစံကိုကြည့်ရင်း ကိန်း ရင်ထဲက စူးမျက်နေရသည်။ သူ့စိတ်ထဲက အတိုင်းဆို အခန်းတံခါးကို ဝုန်းခနဲ ဆွဲဖွင့်၍ လွှာ့ချစ်သူဟာ ကျွန်တော်ပါဆိုပြီး ပြောပစ်ချင်သည်။ သို့ပေမယ့် သူ့ဆန္ဒတွေကို သူ့လက်တစ်ဖက်အား ဖိဆုပ်ကိုင်ရင်း လွှာက တားထား၏။ မရုန်းဖယ်ပစ်နိုင်ဘူးလေ......သူက သူမကိုဆို အလဲလဲအပြိုပြိုနဲ့ စောက်သုံးမကျတဲ့ကောင် မဟုတ်လား။

ရှိန်း ပွင့်လာတဲ့ အခန်းတံခါးကြောင့် ပန်းစည်းကြီးကို အရင်ဦးအောင် မြှောက်ပြလိုက်သည်။

" Suprise bae......"

​လွှာ့နှုတ်ခမ်းလေးတွေ ပြုံးယောင်သမ်းသွားသလို ဖြူဖျော့နေသည့် ပုံစံကိုမြင်တော့ ရှိန်း မျက်မှောင်ကြီးကျူံ့သွား၏။ လက်တစ်ဖက်က လွှာ့နဖူးပေါ်ရောက်လာသလို ပန်းစည်းကြီးပွေ့ပိုက်ထားသည့် လွှာ့အား ဂရုဏာသက်သလို စိုက်ကြည့်လာ၏။

" နေမကောင်းတာ ဘာလို့ကိုယ့်ကို မပြောရတာလဲ ဘေဘီရယ်။ ဆေးခန်းရော ပြပြီးပြီလား။ "

ပြောပြောဆိုဆိုပင် တိုက်ခန်းလေးထဲအတူဝင်လာရင်း စီးလာသည့် ရှူးဖိနပ်ကိုဖိနပ်စင်တွင်အသာချွတ်လိုက်သည်။ ဧည့်ခန်းထဲရှိ ဆိုဖာပေါ် အတူဝင်ထိုင်လိုက်ပေမယ့် ဘေဘီ့ကိုယ်လေးကို သူ့ပေါင်ပေါ်ဆွဲတင်လိုက်ရင်း ခါးလေးကို လက်တစ်ဖက်ကသိုင်းဖက်၍ ပါးပြင်လေးအားကျန်လက်တစ်ဖက်ဖြင့် ဖွဖွစမ်းမိသည်။

" မင်္ဂလာပွဲက နီးလာပြီကိုကွာ......ဘေဘီ က လူနာတွေပဲဂရုစိုက်ပြီး ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့ကျ မေ့နေတယ်ဟုတ်လား။ "

လွှာ ခပ်အေးအေးလေး ပြုံးမိ၏။ ရင်ထဲတဒိတ်ဒိတ်ခုန်နေသလို ရေချိုးခန်းဘက်အား မကြည့်မိစေရန် မနည်းသတိထားနေရသည်။

" ကိစ္စမရှိပါဘူး......ဘေဘီ့ကို ကိုယ်ဂရုစိုက်ပေးမှာပေါ့.....ဟင် မဟုတ်ဘူးလား ကလေးလေး။ "

နဖူးချင်းတေ့ထိကာ ရယ်မြူးရိပ်သမ်း၍ ပြောလာသည့် သတိုးရှိန်း။ ဒီကလေးမလေးကို သူသိပ်ချစ်သည်။ အလုပ်မှအလုပ်ဖြစ်နေခဲ့သည့် အေးစက်စက်နိုင်သော သူ့ဘဝလေးထဲကို သူမလေးဝင်လာမှ နွေးထွေးလာသည်မဟုတ်လား။ အဖျားရှိန်ကြောင့် ဖြူဖျော့နေသည့် မျက်နှာလှလှလေးကို ​ကြည့်ရင်းမှ မေးဖျားလေးကို အသာဖိညှစ်ကာ......

My lover become my brother's wife 🔞Where stories live. Discover now