🌼🌼 ချိုမြိန်သောချစ်ဇနီးဆိုးလေး 🌼🌼
🌼🌼 အပိုင်း ၁ 🌼🌼
"သမီးလေးက လှလိုက်တာ...."
မြန်မာရိုးရာဝတ်စုံဖြစ်သည့်
ထိုင်မသိမ်းရွှေရောင်ဝတ်စုံလေးဖြင့်
သတိုးသမီးမှာ ထိရက်စရာမရှိအောင်
လှပလို့နေ၏
စိန်တွေစီချယ်ထားသည့် ဝတ်စုံလေးမှာ
အရောင်တွေတဖျက်ဖျက်ဖြင့်
သေးသွယ်လွန်းသည့် သတိုးသမီးလေးနှင့်
လိုက်ဖက်လွန်းလှသည်
ဖြူဝင်းနေသော ပါးမို့မို့လေးနှင့်
ပန်းဆီရောင်ဆိုးထားသည့်
နှခမ်းဖူးဖူးလေးက
အသဲယားဖွယ်ရာအတိ
ဖြောင့်ဆင်းနေသောနှာတံလေးဖြင့်
ကော့ညွန့်နေသောမျက်တောင်လေးနှင့်အတူ
မျက်ဝန်းအိမ်ဝိုင်းဝိုင်းလေးတွေဖြင့်
သူမလေးက
နတ်သတ်ကြွေလာသည့် နတ်မီးလေးအလား
လှပလွန်းလှသည်
နတ်သမီးလေးအလား ထိရက်စရာမရှိအောင်
လှပလွန်းသည့် သူမလေးက
ရန်ကုန်မြို့ရှိ အကြီးမားဆုံး Hotel တွင်
အခမ်းနားဆုံးမင်္ဂလာပွဲဖြင့် လက်ထပ်ရတော့မည့် သတိုးသမီးလေးအသဲငယ်
နာမည်နှင့်လိုက်အောင်ပင် သူမလေးက
ယုန်မလေးသဖွယ်
အသဲငယ်လွန်းသူဖြစ်သလို
ကြည့်လိုက်သည်နှင့် မြင်သူတိုင်းက
အသဲတုန်အောင်ပင် ချစ်ရ၏
ကလေးဆန်ဆန်သူမလေး၏
အမူအရာလေးနှင့်
မျက်ဝန်းအိမ်ဝိုင်းဝိုင်းလေးတွေဖြင့်
နီရဲနေသောနှခမ်းဖူးဖူးလေးက
လူတိုင်းကို အချစ်ပိုစေသလိုပင်
မင်္ဂလာခမ်းမထဲဝင်ရန် မိနစ်အနည်းငယ်သာ
လိုတော့သည်မို့ သဲငယ်တစ်ယောက်
ရင်တွေတုန်ကာ အနည်းငယ်လန့်နေမိသည်
" သမီးလေး....."
မေမေရဲ့ ခေါ်သံကြောင့်
သဲလေးတစ်ယောက်
မျက်ဝန်းလေးအိမ်ဝိုင်းဝိုင်းလေးတွေက
ဖြတ်ခနဲမော့ကြည့်မိလိုက်ချိန်
မေမေကို အကောင်းဆုံးအောင်
ပြုံးပြရင်း
" သမီး အဆင့်သင့်ဖြစ်နေပါပြီ မေမေ.."
သူမရဲ့စကားကြောင့်
ပြုံးယောင်းသန်းသွားသည့် မေမေမျက်နှာက
ဝမ်းသာပီတိအပြည့်ဖြင့်
DU LIEST GERADE
ဇနီးဆိုးလေး ( Complete )
Romantik🌼🌼 Intro 🌼🌼 မိဘသဘောတူ လက်ထပ်လိုက်ရသည့် သူတို့နှစ်ဦး ငယ်ငယ်ခနဲက သိခဲ့ပေမဲ့ တစ်ယောက်နှင့်တစ်ယောက် စကားကောင်းကောင်းမပြောဘူးသလို တစ်စိမ်းလိုဖြစ်နေသည့် သူတို့နှစ်ဦး လက်ထပ်လိုက်ရတဲ့အခါ.... အချစ်ရေးကိစ္စတွေမှာ အေးစက်နေသည့် မင်ထက်မြတ်သော မိဘပေး...
