🌼🌼 ချိုမြိန်သောချစ်ဇနီးဆိုးလေး 🌼🌼
🌼🌼 အပိုင်း ၁၀ 🌼🌼
တောက်ပြောင်လွန်းသည့် ကားအနီလေးက
အထပ်မြင့်အဆောက်အဦးတစ်ခုရှေ့တွင်
ထိုးရပ်သွားကာ
အသင့်လာလှပ်ပေးသည့်
ကားတံခါးမှတစ်ဆင့်
ဒူးအနားသို့မရောက်တရောက်
အဖြူရောင်ကိုယ်ကျပ်အင်္ကျီလေးဖြင့်
လှပသည့် ခန္ဓာကိုယ်ကောက်ကြောင်းလေးက
ထင်ပေါ်နေကာ ကျောလည်ရှိ
ရွှေအိုရောင်ဆံနွယ်များကြောင့်
မြင်သူတိုင်းက ငေးခနဲဖြစ်ရ၏
အထပ်အမြင့်ကြီးနှင့် ကြီးမားလှသည့်
ကုမ္ပဏီကြီးကို တစ်ချက်ကြည့်လိုက်ကာ
အလှဆုံးအပြုံးနှင့်အတူ
" မွန်း ကိုဆီကို ရောက်အောင်ပြန်လာပြီ
ဒီတခါ ကို့ကို မွန်းမပိုင်ဆိုင်ရရင်
တခြားသူလည်း မပိုင်စေရဘူး ကို...."
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
" မလုပ်ပါနဲ့တော့ မမလေးရယ်
မမလေး ဘယ်လိုပုံစံလိုချင်တာလဲ
မပုလုပ်ပေးမယ်လေနော်.. "
" မရပါဘူး...
သဲ ကိုယ်တိုင်လုပ်ချင်တာလို့ "
အဝါရောင်ဂါဝန်ပွပွလေးကို
ဝတ်ဆင်ထား၍ မီးဖိုခန်းထဲတလုပ်လုပ်ဖြင့်
ဖုန်းထဲက video လေးကိုတစ်ချက်ကြည့်လိုက်
ဂျုံ့မှုန့်လေးတွေ နှယ်လိုက်ဖြင့်သူမလေးက
အလုပ်တွေရှုပ်နေကာ
နှဖူးပြင်လေးက ချွေးစလေးများပင်
ထွက်လာရသည်
" ကဲ ပြီးပြီး
ကျက်တာကို စောင့်ယုံဘဲ "
" မမလေးရယ် ဒါကိုဘာလို့
အတင်းလုပ်ချင်ရတာလဲ ...
ကြည့် တစ်ကိုယ်လုံးလည်းပေကုန်ပြီး "
မပုပြောခါမှ ကိုယ့်ဘာသာပြန်ငုံ့ကြည့်မိရာ
အဝါရောင်အင်္ကျီလေးက
အဖြူရောင်ပင်ဖြစ်တော့မည်
ထူးထူးဆန်းဆန်း သူမပါမုန့်လုပ်ချင်လာကာ
စိတ်ထဲတွင်လည်း ကိုယ်စားဖို့မဟုတ်ဘဲ
လူကြီးအတွက်လုပ်ပေးခြင်းဖြစ်နေ၏
သူမကိုယ်တိုင်တစ်ခါမှ မလုပ်ဖူးပေမဲ့
ဖုန်းထဲကနေ တစ်ဆင့်သင်ယူကာ
မီးဖိုထဲဝင်၍ ပါမုန့်နှင့်အတူ ဘီစကစ်လေးပါ
လုပ်လိုက်သေး၏
" သဲ လူကြီးအတွက်လုပ်ပေးချင်လို့ပါ "
" ဟွန်း..မမလေးရယ်
ခုပုံစံသာ အကိုလေးမြင်ရင်လေ
မပုကို ဆူနေလောက်ပြီ..သိလား.."
YOU ARE READING
ဇနီးဆိုးလေး ( Complete )
Romance🌼🌼 Intro 🌼🌼 မိဘသဘောတူ လက်ထပ်လိုက်ရသည့် သူတို့နှစ်ဦး ငယ်ငယ်ခနဲက သိခဲ့ပေမဲ့ တစ်ယောက်နှင့်တစ်ယောက် စကားကောင်းကောင်းမပြောဘူးသလို တစ်စိမ်းလိုဖြစ်နေသည့် သူတို့နှစ်ဦး လက်ထပ်လိုက်ရတဲ့အခါ.... အချစ်ရေးကိစ္စတွေမှာ အေးစက်နေသည့် မင်ထက်မြတ်သော မိဘပေး...
