Part 6

18.4K 303 3
                                        

🌼🌼ချိုမြိန်သောချစ်ဇနီးဆိုးလေး🌼🌼

               🌼🌼အပိုင်း    ၆ 🌼🌼

မှန်ပြတင်းပေါက်လေးကနေတစ်ဆင့်
ကမ်းစပ်ဘက်သို့ ကြည့်နေရင်း
အခန်းထဲကို ကုတ်ချောင်ကုတ်ချောင်းဖြင့်
အသာ ချောင်းကြည့်လိုက်၍

" လူကြီး ရေချိုးလို့မပြီးသေးဘူးလား
မသိဘူး"

သူရေချိုးပြီးမှ အပြင်ဘက်ကို
ထွက်ရမည်ဟု မှာထားသည့်
လူကြီးကြောင့် သဲတစ်ယောက်
ကမ်းခြေဘက်ကို
ပြေး၍ဆော့ချင်သောလည်း
လူကြီးရေချိုးလို့ မပြီးသေးသည်မို့
သက်ပြင်းလေချကာ
မျက်နှာလေး ဆူပုတ်နေမိ၏

" သွား မစောင့်တော့ဘူး...
သူများတွေလည်း ဆော့နေတာဘဲလေ..."

ကိုယ်အတွေးနှင့်အတူ ရေချိုးခန်းဘက်ကို
တစ်ချက်သာ လှည့်ကြည့်ရင်း
ပြုံးလိုက်၏

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

မြတ်သော ရေချိုးပြီးသည်နှင့်
ရေချိူးခန်းထဲမှ ထွက်လာချိန်
အသဲငယ်ကို မတွေ့တော့တာကြောင့်
မျက်မှောင်ကြီးကျုံ့၍
အပြင်ဘက်ကို
တစ်ချက်လှည့်ကြည့်မိလိုက်ချိန်
မြင်လိုက်ရသည့် မြင်ကွင်းကြောင့်
ရင်ထဲတွင် ထင်ခနဲ

ကမ်းစပ်နားတွင် ခရုလေးကောက်လိုက်
ရေလေးဆော့လိုက်ဖြင့် ပြေးလွှားနေသည့်
သူမလေးက
ပေါင်ရင်းလောက်သာရှိသည့်
ဘောင်းဘီတိုလေးနှင့်အတူ
လက်တစ်လုံးကြိုးအင်္ကျီလေးဖြင့်သူမက
ဖြူဝင်းနေသောဗိုက်သားလေးနှင့်
ပေါင်သားလေးတွေက
အထင်သားပေါ်နေကာ
လှပလွန်းသည့်
ခန္ဓာကိုယ်ကောက်ကြောင်းလေး​ကြောင့်
ထိရက်စရာမရှိအောင်ပင်

ထိုအပြင် သူမလေးကို
မျက်လုံးကြီးကျွတ်ထွက်မတတ်
စိုက်ကြည့်နေသည့် သူတွေကလည်း
မျက်လုံးတွေ ဖောက်ထုတ်ပစ်ချင်စရာ 

" သူ့ကိုသူ ၅ နှစ်သမီးလေးများ
ထင်နေသလားမသိဘူး...ကျစ်!.."

သူမကြောင့် ရင်ထဲတင်းကျပ်နေရကာ
အလိုမကျမှုကြောင့် ကျစ်သတ်လိုက်ရင်း
မွေ့ယာပေါ်က ရှပ်အင်္ကျီပေါ်
အကြည့်ရောက်သွားရကာ
ဟွန်းခနဲပြုံးလိုက်ရင်း

ဇနီးဆိုးလေး ( Complete ) Where stories live. Discover now