🌼🌼 ချိုမြိန်သောချစ်ဇနီးဆိုးလေး 🌼🌼
🌼🌼 အပိုင်း ၈ 🌼🌼
" ကိုရေ... မွန်းတို့ပြန်တွေ့ကြပြီနော် "
" ဟင်.."
သဲတို့သွားမည့်လမ်းရှေ့တွင်
ပိတ်ရပ်လာကာ ပြောလိုက်သည့်
ထိုအမျိုးသမီးစကားကြောင့်
သဲကြောင်ကြောင်လေးဖြစ်သွားရသည်
ပေါင်လယ်လောက်သာရှိသည့်
အင်္ကျီကိုယ်ကျပ်လေးကို ဝတ်ထားကာ
လှပသည့်ခန္ဓာကိုယ်ကောက်ကြောင်းလေးက
ထင်ပေါ်နေ၍
ရွှေအိုရောင်ဆံနွယ်များကြောင့်
သဲ ငေးခနဲဖြစ်သွားရ၏
ထိုအမျိုးသမီးက အပြုံးချိုချိုနှင့်အတူ
ဝင်းပနေသည့် အကြည့်တွေဖြင့်
လူကြီးကို ကြည့်နေကာ
လူကြီး၏ ဘေးမှာရပ်နေသောသူမကိုပင်
ဂရုမစိုက်ဟန်
" ငါမင်းကို မသိဘူး.."
"အဟင်း...ကိုရယ်
ကိုက မွန်းကိုမသိပေမဲ့
မွန်းက ကို့ကိုသိတယ်လေ ကိုရဲ့
ဘယ်လိုဖြစ်ဖြစ်
မွန်းတို့မိတ်ဆွေဖြစ်တဲ့ အနေနဲ့
မွန်းဧည့်ခံပါရစေနော် "
သူ့ရှေ့က ထိုမိန်းမကို
တစ်ချက်သာကြည့်လိုက်ရင်း
မြတ်သော် အသဲငယ်ဘက်ကိုသာ
ပြန်လှည့်လာလိုက်၍
သူမလက်ကို ဆွဲကာ ဆိုင်ခန်းထဲသို့
ဝင်လာခဲ့လိုက်သည်
သူမပြောနေသော်လည်း ဂရုမစိုက်ဟန်ဖြင့်
သူဘေးကရပ်နေသည့် ထိုမိန်းမကိုသာ
လက်ဆွဲ၍ ဆိုင်ခန်းထဲသို့ဝင်သွားသည့်
သူ့ကြောင့် မွန်းနှခမ်းလေးကိုက်ရင်း
လက်သီးကို ကျစ်ကျစ်ပါအောင်
ဆုတ်ထားမိသည်
'လုပ်ထားပေါ့ ကိုရယ်
မွန်းကလေ အဲ့လိုခက်ခဲအရာကိုမှ
ပိုပြီး လိုချင်တာ '
သဲလက်ကိုဆွဲကာ ဆိုင်ခန်းထဲဝင်လာသည့်
လူကြီး၏နောက်သို့
သဲငယ် ကြောင်ကြောင်လေးပါသွားရင်း
အနောက်ကထိုမိန်းမကြီးကို
ပြန်လှည့်ကြည့်မိချိန်
အကြည့်စူးစူးဖြင့် ပြန်ကြည့်လာသည့်
ထိုမိန်းမကြောင့်
သဲမျက်နှာကို အမြန်ပြည့်လှည့်လာလိုက်ရင်း
လူကြီးအနားပို၍တိုးကပ်စွာဖြင့်
လိုက်ပါလာ၏
❤❤❤❤
သဲတစ်ယောက် လူကြီးမှာပေးထားသော
ဟင်းပွဲများကို တစ်ချက်ကြည့်လိုက်ရင်း
ပြုံးလိုက်ကာ
နှခမ်းလေးကိုလျှာဖျားလေးဖြင့်
သပ်လိုက်ရင်း
အငွေ့တလူးလူးထနေသည့် ပထမဆုံးဟင်းလေးကို မြည်းလိုက်ကာ
YOU ARE READING
ဇနီးဆိုးလေး ( Complete )
Romance🌼🌼 Intro 🌼🌼 မိဘသဘောတူ လက်ထပ်လိုက်ရသည့် သူတို့နှစ်ဦး ငယ်ငယ်ခနဲက သိခဲ့ပေမဲ့ တစ်ယောက်နှင့်တစ်ယောက် စကားကောင်းကောင်းမပြောဘူးသလို တစ်စိမ်းလိုဖြစ်နေသည့် သူတို့နှစ်ဦး လက်ထပ်လိုက်ရတဲ့အခါ.... အချစ်ရေးကိစ္စတွေမှာ အေးစက်နေသည့် မင်ထက်မြတ်သော မိဘပေး...
