🌼🌼 ချိုမြိန်သောချစ်ဇနီးဆိုးလေး🌼🌼
🌼🌼 အပိုင်း ၅🌼🌼
အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း
ပန်းရောင်ဂါဝန်လေးဝတ်ထား၍
ပျော့ပျောင်းနေသည့်
ဆံနွယ်ရှယ်လေးတွေကို
နှစ်ဖက်ခွစီးထားကာ
ပန်းရောင်သန်းနေသော
ပါးဖောင်းဖောင်လေးက
အသဲယားဖွယ်ရာအတိ
လေဆိပ်ရှိထိုင်ခုံလေးပေါ်တွင်
ထိုင်နေကာ ဟိုကြည့်ဒီကြည့်သူမလေးက
မုန့်သွားဝယ်မယ် ဟုဆိုကာ
ထွက်သွားသော လူကြီးက ပေါ်မလာသည်မို့
စိတ်မရှည်စွာဖြင့်
" လူကြီးကလည်း
ဘယ်ထိမုန့်တွေ သွားဝယ်နေတာလဲ မသိဘူး
ဟွန့်.... သူများကို တစ်ယောက်ထဲ..."
" သဲ..."
" ဟင်.. "
တစ်ယောက်ထဲ ပြောနေရင်း
အနောက်ကလူကြီး၏ အသံကြောင့်
နောက်ကိုလှည့်ကြည့်လိုက်ခါမှ
မုန့်ထုတ်တွေ အများအပြားဖြင့်
လူကြီးကိုမြင်ခါမှ
နှခမ်းတို့က ပြုံးရောင်သန်းသွားရကာ
" လူကြီး...လူကြီးကလည်း ကြာလိုက်တာ
ဘာဝယ်လာလဲဟင် "
"သဲလေး ကြိုက်တဲ့မုန့်...."
" ပြကြည့်..."
သူ့လက်ထဲက မုန့်ထုတ်ကိုယူကာ
တစ်ထုတ်ချင်းစီထုတ်ကာ ကြည့်နေသည့်
သူမလေးကြောင့် မြတ်သောတစ်ယောက်
နှခမ်းတွေက အလိုလိုပြုံးမိသွားကာ
" သဘောကျရဲ့လား "
" အင်း ကျတယ်.. "
" ဘာကျတာလဲ.. "
" လူကြီး ဝယ်လာတဲ့ မုန့်တွေကို
သဘောကျတယ်လို့... "
" အဟွန်း..လူကိုကော
သဘောမကျဘူးလား..."
" အိုး..လူကြီးနော် "
လူကြီး၏ စကားကြောင့်
သဲ မျက်စောင်းလေးထိုးရင်း
ပြုံးစိစိလုပ်နေသည့် လူကြီးကြောင့်
သဲ ပါးလေးတွေ ရဲတက်လာရင်း
ရှက်စိတ်ကြောင့်
တစ်ဖက်သို့ လှည့်နေလိုက်၏
သူ့ကို မျက်စောင်းလေးထိုးရင်း
တစ်ဖက်သို့ လှည့်သွားသည့်
သူမလေးကြောင့် သဘောကျစွာဖြင့်
ပြုံးလိုက်မိကာ
ဘယ်လိုလေးမှန်းကို မသိတာ
ESTÁS LEYENDO
ဇနီးဆိုးလေး ( Complete )
Romance🌼🌼 Intro 🌼🌼 မိဘသဘောတူ လက်ထပ်လိုက်ရသည့် သူတို့နှစ်ဦး ငယ်ငယ်ခနဲက သိခဲ့ပေမဲ့ တစ်ယောက်နှင့်တစ်ယောက် စကားကောင်းကောင်းမပြောဘူးသလို တစ်စိမ်းလိုဖြစ်နေသည့် သူတို့နှစ်ဦး လက်ထပ်လိုက်ရတဲ့အခါ.... အချစ်ရေးကိစ္စတွေမှာ အေးစက်နေသည့် မင်ထက်မြတ်သော မိဘပေး...
