Part 21

9.4K 189 4
                                        

🌼🌼ချိုမြိန်သောချစ်ဇနီးဆိုးလေး🌼🌼

            🌼🌼 အပိုင်း  ၂၁ 🌼🌼

မြို့အပြင်ရှိ လူပြတ်လတ်သော
လမ်းကြီး၏ ထောင့်တစ်နေရာတွင်ရှိသော
ဂိုထောင်အဟောင်းရှိရာသို့
ကားအဖြူလေးကအရှိန်ဖြင့်
မောင်းဝင်လာရင်း
ဂိုထောင်ကြီး၏ ရှေ့ရောက်သည်နှင့်
ထိုးရပ်လိုက်သည်

" ကျွီး..."

ကားရပ်သွားသည်နှင့်
ဂိုထောင်ထဲမှ လူနှစ်ယောက်ထွက်လာကာ
အခြေအနေကို ကြည့်နေသည်

" မွန်း ဘယ်မှာလဲ "

ဂိုထောင်ရှေ့ရောက်သည်နှင့်
ကားကို ထိုးရပ်ကာ
အမြန်ဆင်းလိုက်၍ သူ့ရှေ့က
လူနှစ်ယောက်ကိုကြည့်၍
မေးလိုက်ချိန်
တစ်ယောက်ဖြင့်တစ်ယောက် ပြန်ကြည့်၍

" အထဲမှာ ဝင်လာခဲ့"

" မင်းတို့က ပိုက်ဆံလိုချင်တာမို့လား
ကားထဲ အပြည့်ဘဲ
ငါ့မိန်းမကို အရင်ထုတ်ပေး "

သူပြောလိုက်၍ ထိုလူမိုက်နှစ်ယောက်က
ခပ်မဲ့မဲ့ပြုံးကာ ကားအနားသို့လျှောက်လာ၍
ကားနောက်ဖုံးကို လှပ်ကြည့်သည်
ကားထဲမှ ခရီးဆောင်အိပ် ၅ လုံးကို
ဆွဲယူ၍ လှပ်ကြည့်ကာ
သစ်လွင်နေသည့် ငွေတွေကြောင့်
မျက်လုံးများက အရောင်တောက်သွားရကာ

"သွား မမမွန်းကို သွားခေါ် "

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

"အ့!..."

​ကြောက်ဖို့ကောင်းလွန်းသည့် ထိုလူကြီးက
သဲကိုယ်ပေါ်က ကြိုးတွေကို
မညှာမတာ ဆွဲဖြည်နေသည်မို့
နာကျင်မှုက အသဲခိုက်အောင်ပင်

" လာ ထ!.."

သူမကိုယ်လေးကို အတင်းဆွဲယူလိုက်သည်မို့
ခေါင်းထဲတွင် တစ်ချက်တစ်ချက်
မူးဝေသွားရသည်
နှုန်းချိနေသည့်ခန္ဓာကိုယ်က
အတင်းဆွဲကာ ခေါ်နေသည့်ထိုလူကြောင့်
ကြမ်းပြင်ရှိ ခဲလုံးကိုခလုတ်မိတိုက်သွား၍
ဘုတ်ခနဲလှဲကျသွားရသည်

အရှိန်ကြောင့် ကြမ်းပြင်ပေါ် ရှိနေသည့်
အုတ်ခဲနှင့်ခေါင်းကိုသွားရိုက်မိကာ
စူးခနဲ နာကျင်မှုနှင့်
ဝေဝေဝါးဝါးပုံရိပ်တစ်ချို့က
တိုးဝင်လာသည်

ဇနီးဆိုးလေး ( Complete ) Место, где живут истории. Откройте их для себя