အခန်း ၂ ။ 'Siscon'

591 85 4
                                    

အခန်း  ၂ ။  ‘Siscon’

Irene ဟာ ကျန်းမာရေးချူချာတာကြောင့် အခန်းပြင်သို့ ထွက်ရတဲ့နေ့မှာ ရှားပါးပါ၏။ အပြင်လောကကိုလည်း သိပ်မမြင်ဘူးပါချေ။ အိပ်ရာထဲ၌ပင် လဲလျောင်းနေရတတ်သည်။ နှလုံးအားနည်းတာက ငယ်စဉ်ကတည်းက မွေးရာပါ ရောဂါဖြစ်နေတာကြောင့် လှုပ်လှုပ်ရှားရှား နေလို့မရ။ တခြားကလေးတွေလိုလဲ ဆော့ကစားခွင့်မရှိ။ စာအုပ်တွေနဲ့ သာ အချိန်ကုန်ဆုံးလေ့ရှိပြီး မိသားစုဝင်တွေနဲ့လည်း သိပ်ရင်းနှီးမှု မရှိဘဲ တစ်သီးတစ်သန့်သာ နေတတ်လေသည်။

စကားနည်းသည်ဟုထင်ရသော သူမသည် အမှန်တကယ်တော့ အပြင်လောကကိုလဲ မြင်ဖူးချင်သလို တခြားကလေးတွေလိုလဲဆော့ချင်ပါ၏။

သူမသည် နတ်သမီးပုံ​ပြင် စာအုပ်ကို ဖတ်ပြီးနောက် ပြတင်းပေါက်အပြင်ဘက်ရှိ လမင်းကို ငေးကြည့်လိုက်သည်။

သူမ၏ မျက်လုံးထဲ၌ကား ဘာမျှော်လင့်ချက်မှ မရှိပါချေ။ သူမဟာ ဒီည သေရတော့မည်ကို သိနေပါ၏။

သူမ ဆန္ဒပြုပါသည်။ သူမ ဒီလောကကြီးကို တက်နိုင်သလောက်ကူညီပေးချင်တယ်။ သို့သော်ကံကြမ္မာကခွင့်မပြုခဲ့။ သို့သော် ငယ်စဉ်  တစ်ချိန်တုံးက  သူတစ်ပါးကို တစ်ခါလောက်တော့ ကူညီခဲ့ဖူးပါ၏။  ထိုသည်မှာ ကြာညောင်းလှပါပြီ။ သို့ပေတည်း သူမသေရတော့မယ်ဆိုရင်တောင် သူမရဲ့သေဆုံးမှုက တစ်စုံတစ်ယောက်အတွက် အကူအညီဖြစ်ပါစေ ဟုပဲ သူမဆုတောင်းပါရစေ။

သူမသည် ထိုဆုတောင်းကိုလေးလေးနက်နက် ဆုတောင်းလိုက်ပြီးနောက် စာအုပ်လေးကို ပိုက်ကာ အိပ်ရာပေါ်၌ပြန်လဲလျောင်းလိုက်ရင်း မျက်ခွံလွှာလေးကိုချကာ အေးချမ်းစွာဖြင့် အိပ်စက်လိုက်တော့သည်။

သူမ မသိလိုက်တာကတော့ သူမကိုယ်မှ ငွေရောင်ဖြူ အလင်းတန်းများဟာ ပုလဲကုံးသဖွယ် လှပစွာ စီတန်းထွက်ပေါ်လာခြင်းကိုပင်။ ထိုပုလဲကုံး အလင်းတန်းတို့သည် အချိန်တစ်ခုအကြာ၌ တစ်စုတစည်းတည်း စုစည်းသွားပြီးနောက် လက်တစ်ဆုပ်စာအရွယ် ပုလဲကြီးအလားနှယ် အသွင်ပြောင်းသွားလျက် ဖြူဖွေးဝင်းပနေသောထိုပုလဲလုံးကြီးသည် တစ်ဖန် အိပ်ရာထက်၌ လဲလျောင်းနေသောကိုယ်၏နှလုံးသားထဲသို့ ဝင်ရောက်သွားလေပြန်သည်။ ထိုစဉ် အစောက ဖြူဖျော့မှေးမှိန်ကာ အေးစက်သွားသော ခန္ဓာကိုယ်သည် ယခုအချိန်တွင်တော့ ပြန်လည်၍ အရောင်အသွေးစုံလင်လာလျက် နွေးထွေးသော အလင်းရောင်တို့သည် ကိုယ်တစ်ခုလုံးသို့ နေရာအနှံ့ပြန့်နှံ့သွားလေတော့သည်။

ဟယ်ရီပေါ်တာ ဝတ္ထုထဲ၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now