အခန်း ၂၄ ။ တစ်ယောက်သောသူ၏အိမ်သို့ အလည်သွားခြင်း

424 64 10
                                    

အခန်း ၂၄ ။ တစ်ယောက်သောသူ၏အိမ်သို့ အလည်သွားခြင်း

 

ညစာစားပွဲကြီးပြီးသွားပြီးနောက် တစ်ပတ်အကြာ၌ Ireneသည် အလေမလိုက်တော့ဘဲ စာကိုပဲ တစိုက်မတ်မတ်ကျက်မှတ်တော့မည်ဟုတွေးသော်ငြားလည်း သူမ မကျက်နိုင်ခဲ့ပေ။ အကြောင်းမှာ Elaineက သူမဆီလာကာ ညီအစ်မတွေအတူတူအချိန်ကုန်ဆုံးနေသောကြောင့်ပင်တည်း။ ထို့ပြင် သားမိ၃ယောက်လုံး ရှော့ပင်းထွက်ကာ မုန့်ပတ်စားတတ်ကြသေး၏။ ကျောင်းမတတ်ခင် မိသားစုလိုက်ပျော်နိုင်တုံးပျော်ထားကြခြင်းပင်ဖြစ်လေသည်။

တစ်နေ့ကုန်လုံး ပျော်ရွှင်ခဲ့ကာ အိပ်ခါနီးအချိန်မှသာ irene တစ်ယောက် နောင်တရစွာဖြင့် အသံတိတ်အော်ဟစ်နေမိလေသည်။ “အား………ငါစာကျက်ရဦးမယ်”

“မနက်ဖြန်ကျ သေချာပေါက် စာပဲကျက်တော့မယ်” ထိုသို့သေချာစွာဆုံးဖြတ်ထားသော်လည်း နောက်တစ်နေ့မနက်ရောက်သောအခါ၌ အိမ်တွင် မုန့်လုပ်စားကြမည်ဆိုတာကြောင့် သားမိ၃ယောက်အတူတူ မုန့်လုပ်စားကြမည်ဆိုပြီးမီးဖိုချောင်ထဲသို့ရောက်သွားပြန်လေသည်။ ညရောက်ကာမှပဲ နောင်တထပ်ရပြန်လေ၏။

ထိုသို့နှင့် ၂ပတ်တာကြာသွားပြီးနောက်တွင်တော့ Ireneသည် ဆုံးဖြတ်ချက်တစ်ခုကို ချမှဖြစ်တော့မည့် အခြေအနေသို့ရောက်လာလေပြီ။ ”ပျော်တာကပျော်တာပဲ။ တာဝန်ဝတ္တရားအရ စာကျက်ရမှာက စာကျက်ရမှာပဲ။ ပျော်သင့်သလောက်ပျော်ပြီးပြီဆိုတော့ စာကျက်ဖို့အလှည့်ရောက်ပြီ။ ဒါပေမဲ့ ဒီမှာသာဆက်နေနေရင်တော့ ယိုင်နဲ့နဲ့ နဲ့ပါသွားဦးမှာသေချာပေါက်ပဲ။ ဘယ်လိုလုပ်မလဲ တိတ်ဆိတ်တဲ့နေရာသွားရင်ကောင်းမလား။ အာရုံမများစေမဲ့နေရာမျိုးကိုပေါ့ ဒါမဲ့ဘယ်လိုပြောသွားမလား အကြောင်းပြချက်ခိုင်ခိုင်လုံလုံနဲ့သွားလို့ရမဲ့ အာရုံမများစေမဲ့ တိတ်ဆိတ်တဲ့နေရာ………နေပါဦး အဲ့တာရှိတာပဲ အဲ့နေရာလေ……..”

 

 

 

 

ရက်အနည်းငယ်အကြာ ပူဆာပြီးနောက်တွင်တော့ အမေ့ဆီကရော၊အဖေ့ဆီကရော ခွင့်ပြုချက်ရသွားပြီဖြစ်ကာ သူမသည်လည်း ကျောပိုးအိတ်ကိုလွယ်လျက် သူမအမေနှင့်အတူ တစ်နေရာသို့ ထွက်လာခဲ့လေသည်။

ဟယ်ရီပေါ်တာ ဝတ္ထုထဲ၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now